Play Store ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ UC Browser

date_range 15 November 2017

Play Store ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ UC Browser

visibility 10400 Views

                Alibaba Group of China ကနေ Develop ပြုလုပ်နေတဲ့ UC Browser App ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က Play Store ပေါ်ကနေ ထုတ်ပစ်ခြင်းခံခဲ့ရပါတယ်။ အခုအချိန်ထိ UC Browser ကို Play Store မှာ ရှာတွေ့တော့မှာ မဟုတ်ဘဲ၊ UC Browser Mini ကိုပဲ တွေ့ရမှာပါ။

                UC Browser ဟာ နေ့စဉ်အသုံးပြုသူ သန်း ၄၂၀ ကျော်ရှိပြီး Download ပြုလုပ်တဲ့အရေအတွက် သန်း ၅၀၀ ကျော်ရှိတဲ့ Mobile Web Browser တစ်ခုလည်းဖြစ်ပါတယ်။ StatCounter ရဲ့ အချက်အလက်တွေအရဆိုရင် UC Browser ဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ဒုတိယမြောက်လူသုံးအများဆုံး Mobile Browser တစ်ခုလည်း ဖြစ်ပါတယ်။

                UC Browser အနေနဲ့ အခုလိုမျိုးထုတ်ပယ်ခံခဲ့ရတာဟာ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို သဘောတူညီမှုမရယူဘဲ တရုတ်ပြည်မှာရှိတဲ့ Server တစ်ခုဆီ ပို့ဆောင်ပေးနေတာကြောင့်လည်းဖြစ်နိုင်သလို၊ Page Redirect ကြော်ငြာတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

                UC Browser ကို ပါဝင် Develop ပြုလုပ်နေသူတစ်ဦးဖြစ်တဲ့ Mike Ross ရဲ့ Tweet Reply တစ်ခုအရ UC Browser ဟာ အသုံးပြုသူတွေကို လှည့်စားပြီး၊ တရားမဝင်တဲ့ ကြော်ငြာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် Play Store ကနေ ရက် (၃၀) ကြာ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

                UC Browser ဟာ India နိုင်ငံမှာ အသုံးပြုသူအများဆုံး Mobile Web Browser တစ်ခုလည်းဖြစ်ပြီး၊ သူ့ရဲ့ မြန်ဆန်မှုနဲ့ Features ပေါင်းများစွာပါဝင်မှုတွေ၊ Add-Ons တွေထည့်သွင်းနိုင်တာနဲ့အတူ Download Manager လည်းကောင်းမွန်တာကြောင့် လူကြိုက်များတယ်လို့ သိရှိရပါတယ်။

                ဒါပေမယ့်လည်း Times of India ရဲ့ သြဂုတ်လက ဆောင်းပါးတစ်ခုအရ UC Web Browser ကို အသုံးပြုသူတွေဆီက Data တွေကို တရားမဝင်ခိုးယူနေတာကြောင့် India နိုင်ငံမှာ အသုံးပြုခွင့်ပိတ်ပင်ပစ်ဖို့ ပြုလုပ်နေတယ်လို့ သိရှိခဲ့ရပါတယ်။ ဒါ့အပြင် Google အနေနဲ့လည်း လွန်ခဲ့တဲ့ လ အနည်းငယ်ခန့်က မက်လုံးပေးပြီး App Download ပြုလုပ်ခွင့်ကို တားမြစ်သွားမယ်လို့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။

                ဒါကြောင့်မို့လို့ Play Store ရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းအသစ်တွေအရ UC Browser ဟာ ဒီလိုမျိုးပြစ်ဒဏ်ခံခဲ့ရတယ်လို့ ယူဆမိပါတယ်။ UC Browser ကို Play Store ကနေ ထုတ်ပယ်ခဲ့ပေမယ့်လည်း UC Browser Mini ကတော့ Play Store ပေါ်မှာ ရှိနေသေးတယ်လို့လည်း သိရှိထားရပါတယ်။

References
Android Central
About Author
Assinged Tags
Android App Google Play Store Web Browser UC Browser
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed