မက်လုံးပေးပြီး App Download ပြုလုပ်ခိုင်းမှုကို Google မှ တားမြစ်သွားမည်

date_range 07 June 2017

မက်လုံးပေးပြီး App Download ပြုလုပ်ခိုင်းမှုကို Google မှ တားမြစ်သွားမည်

visibility 1820 Views

                လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ Google Play Store မှာ မလိုအပ်ပဲ ပွထနေတဲ့ Fake Apps တွေနဲ့ သုံးမရတဲ့ Apps တွေကို ဖော်ပြချိန်နည်းလာမယ့် နည်းလမ်း နဲ့ရှင်းထုတ်ပစ်မယ်လို့ Google မှကြေညာချက်တစ်ခုထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီနည်းလမ်းဟာ ပြီးပြည့်စုံတဲ့ အပြစ်ပေးတဲ့နည်းလမ်း တစ်ခုမဟုတ်သေးပါဘူး။  တစ်ချို့ App တွေဟာ Google Play Store ပေါ်မှာ သိပ်လည်းအသုံးမ၀င်ပါပဲ မီလီယျံကျော် Downloads ရရှိနေပြီး Top Charts ထဲ၀င်နေတဲ့ Apps တွေရှိနေပါသေးတယ်။ 

                ဒီလိုဖြစ်ရတာဟာ တကယ်တော့ Android အသုံးပြုသူတွေကို ဂိမ်းတစ်ခုခု၊ App တစ်ခုခုကနေ Premium Feature တွေ၊ Diamonds တွေ၊ စတဲ့ ပိုက်ဆံပေး၀ယ်ယူမှ ရမယ့် Rewards တွေကို တခြား App တစ်ခုဒေါင်းလုပ်ဆွဲပေးတာနဲ့ Unlock ပွင့်မယ်ဆိုပြီး မက်လုံးပေးမှုတွေကြောင့် အသုံးပြုသူတွေဟာ မလိုအပ်ပဲ Play Store ကနေ ဒေါင်းလုပ်ဆွဲမိသွားပါတယ်။ တဖြည်းဖြည်းများလာတဲ့အခါမှာ အသုံးမလိုတဲ့ Apps တွေဟာ Download Count တက်လာပြီး Top Charts ထဲ၀င်ထဲအထိကို အခြေအနေဆိုးလာပါတယ်။

                နောက်တစ်ခုကတော့ User တွေကို အထက်မှာပြောထားတဲ့အတိုင်း မက်လုံးပေးပြီး 5 Stars Rating အတင်းပေးခိုင်းပြီး Review ကောင်းရေးခိုင်းတာပါ။ တစ်ချို့ App တွေဟာ တကယ်လည်းအသုံးပြုရ အဆင်ပြေလို့ Google Play Store မှာပါ Review တောင်းတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့လည်း Google Play Store ရဲ့ Policy နဲ့တော့ မကိုက်ညီပါဘူး။ Review ရေးပေးတာ၊ မရေးတာက အသုံးပြုသူရဲ့ အလိုဆန္ဒအရပဲ ဖြစ်စေချင်တာပါ။ တစ်ချို့ App တွေမှာဆို သုံးတောင်မသုံးရသေးပဲ အတင်းကြီး 5 Stars Rating ပေးခိုင်းတာတွေတောင် ရှိပါတယ်။

                Google ဘက်ကနေ ဒီလိုမျိုးလုပ်နေတာတွေဟာ အသုံးပြုသူရဲ့ လုံခြုံမှုကို အများကြီးမထိခိုက်စေတာကြောင့် Developer တွေရဲ့ ဆန္ဒအရ လိုက်လျောထားပေမဲ့ ဒီနည်းလမ်းကိုပဲအမြဲအသုံးပြုနေတဲ့ Developer တွေကိုတော့ ကနဦးသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Google Play Store ကနေ ဒီလို မက်လုံးပေးတဲ့နည်း အသုံးပြုရင်း နေရာရနေတဲ့ App တွေကို ဖော်ပြချိန်နည်းတဲ့ နည်းလမ်းနဲ့အပြစ်ပေးတော့မှာဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတဲ့အခြေအနေမှာဆိုရင် App တွေကိုပါ Remove လုပ်သွားမယ့်သဘောမှာရှိပါတယ်။ 


References
Android Community Google
About Author
Assinged Tags
Google Android Android App Malwares Google Play Store Android Tablet Android Phone Google Play Fake App Viruses App Review Incentive Incentivized Review Rating
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed