Dual Camera Setup နဲ့ AI Features တွေ ပါဝင်လာမယ့် Honor V10 ကို နိုဝင်ဘာလ (၂၈) ရက်မှာ မိတ်ဆက်မည်

date_range 18 November 2017

Dual Camera Setup နဲ့ AI Features တွေ ပါဝင်လာမယ့် Honor V10 ကို နိုဝင်ဘာလ (၂၈) ရက်မှာ မိတ်ဆက်မည်

visibility 2800 Views

                Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ရဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာမယ့် Honor V10 စမတ်ဖုန်းကို အခုလ နိုဝင်ဘာ (၂၈) ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း Honor Weibo Account မှာ Teaser ဓာတ်ပုံနဲ့ တရားဝင်ကြေညာလိုက်ပါတယ်။


                ကြော်ငြာဓာတ်ပုံအရတော့ Honor V10 စမတ်ဖုန်းမှာ Dual-Camera Setup နဲ့ Artificial Intelligence (AI) နည်းပညာသုံး Features တွေ ပါဝင်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီ Feature တွေက မကြာခင်က မိတ်ဆက်သွားတဲ့ Huawei Mate 10 Pro စမတ်ဖုန်းမှာ ပါဝင်ပြီးဖြစ်သလို၊ Honor ဖုန်းတွေရဲ့  ထုံးစံအတိုင်း Mate 10 Pro ဖုန်းကိုမှ Water Resistant လို တချို့ Feature တွေ ဖြုတ်ချပြီး၊ စျေးနည်းနည်း လျှော့ချကာ Honor V10 အနေနဲ့ ပြန်ထုတ်တာဖြစ်လောက်ပါတယ်။ Honor V10 ကို တရုတ်နိုင်ငံမှာ အခုလ (၂၈) ရက်နေ့ တရားဝင်မိတ်ဆက်ပြီးနောက် တစ်ပတ်အကြာ ဒီဇင်ဘာလ (၅) ရက်နေ့မှာ London မှာ ထပ်မံမိတ်ဆက်သွားဖို့လည်း ရှိပါတယ်။


                လောလောဆည်သိရှိထားသလောက်ကတော့ Honor V10 စမတ်ဖုန်းမှာ Android 8.0 Oreo-based EMIUI 8.0 ကို အသုံးပြုမှာဖြစ်ပြီး၊ Mate 10 Pro အတိုင်း 6-Inch 18:9 Bezel-less Display နဲ့ ထွက်ရှိလာဖို့ ရှိပါတယ်။ Mate 10 Pro မှာ အသုံးပြုထားတဲ့ Kirin 970 SoC, 8GB RAM နဲ့ 16MP+20MP Dual Rear Camera Setup တို့ကို Honor V10 မှာ ထပ်မံအသုံးပြုဖွယ်ရှိပြီး၊ ပိုကောင်းအောင်လုပ်ပေးထားတဲ့ Portrait Mode လည်း ပါဝင်လာမယ်လို့ အတည်မပြုရသေးတဲ့ ကောလာဟလသတင်းတွေအရ သိရှိရပါတယ်။ Fast Charging အသုံးပြုနိုင်တဲ့ 4,000mAh ဘက်ထရီလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

                Honor V10 ရဲ့ ခန့်မှန်းစျေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၃,၀၀၀ (မြန်မာငွေ ခြောက်သိန်းစွန်းစွန်း) လောက်ရှိနိုင်ပါတယ်။ ဒီစျေးနှုန်းအတိုင်းဆိုရင်တော့ Honor V10 ဟာ ရွေးချယ်ဖို့ သင့်တော်တဲ့ Android စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ပေမယ့်၊ Honor ဖုန်းတွေကို ကျနော်တို့ မြန်မာနိုင်ငံစျေးကွက်မှာ အခုနောက်ပိုင်း မမြင်တွေ့ရတော့တာကြောင့် ဒီကနေတော့ ဝယ်ယူရရှိနိုင်မယ့်ပုံ မပေါ်ပါဘူး။

References
Gadgets 360
About Author
Assinged Tags
Artificial Intelligence Huawei Bezel-Less Smartphones Kirin 970 Bezel-Less Display Huawei Mate 10 Pro Mate 10 Pro 18:9 Aspect Ratio Honor V10 Honor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed