AI နည်းပညာအပေါ် မျှော်လင့်ချက်ကြီးကြီးထားနေတဲ့ Apple

date_range 25 February 2017

AI နည်းပညာအပေါ် မျှော်လင့်ချက်ကြီးကြီးထားနေတဲ့ Apple

visibility 520 Views

                Apple ရဲ့ Seattle ဌာနခွဲမှာ AI နည်းပညာနဲ့ Mechine Leaning (စက်က အလိုလျောက်သင်ယူနိုင်သော) နည်းပညာတို့အတွက် အဓိကထားပြီး အလုပ်လုပ်နေကြတဲ့ အလုပ်သမား အရေအတွက်လည်း များပြားလာတဲ့အပြင် ဌာနကိုလည်း အကြီးအကျယ် တိုးချဲ့မှုတွေ ပြုလုပ်နေပါတယ်လို့ GeekWire နဲ့ MacRumors တို့ရဲ့ စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

                Seattle ဌာနခွဲ တည်ရှိတဲ့ Two Union Square ဆိုတဲ့ မိုးမျှော်အဆောက်အဦးကြီးမှာ Apple က သူတို့ရဲ့ Turi Team (Apple ၏ AI နည်းပညာနှင့် Machine Learning နည်းပညာများအတွက် အလုပ်လုပ်နေသော သီးသန့် Team) မှာ ထပ်တိုးလာတဲ့ အလုပ်သမားများအတွက် နေရာထိုင်ခင်းများ လုံလုံလောက်လောက် ရရှိစေရန်အတွက် နောက်ထပ် အထပ်သစ်များထပ်တိုးသွားမယ်လို့လည်း သိရပါတယ်။

                Apple ရဲ့ AI နှင့် Machine Learning ဌာနရဲ့ ဒါရိုက်တာ၊ Turi ကိုတည်ထောင်ခဲ့သူ၊ Washington တက္ကသိုလ်မှာလည်း ပရော်ဖက်ဆာဖြစ်သူ “Carlos Guestrin” ကတော့

“AI နဲ့ Machine Learning နည်းပညာကို စိတ်ဝင်စားပြီး ဒီနည်းပညာကိုလုပ်ရမှာ စိတ်လှုပ်ရှားနေတဲ့သူတွေကို ကျွန်တော်တို့ ကြိုးကြိုးစားစား ရှာနေပါတယ်။ အဲ့အပြင် ဒီနည်းပညာကို ကျွန်တော်တို့ရဲ့ Customer တွေအတွက် အကောင်းဆုံး Product တွေ ပြုလုပ်တဲ့နေရာမှာ အသုံးချသွားမှာပါ။ မျှော်လင့်ချက်ကတော့ ကြီးပါတယ်။ ဒါပေမယ့် ဒီမျှော်လင့်ချက်ကြီးကို အကောင်အထည်ဖော်ဖို့အတွက် စိတ်ဝင်စားပြီး ကြိုးစားပန်းစားလုပ်မယ့်သူတွေကို လိုက်ရှာရတာကို ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။”

လို့ပြောထားပါတယ်။

သူကပဲ ဆက်ပြီးတော့

“ဥပမာ အနေနဲ့၊ ကျွန်တော်တို့ဟာ iPhone ကို နောက်လာမယ့် အနာဂါတ်မှာ အသုံးပြုသူတွေကို ပိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါမယ်။”

လို့လည်း ပြောထားပါသေးတယ်။

                မကြာသေးမီကာလကပဲ Apple က ပြန်လည်ပြုပြင်မွန်းမံထားပြီး ပိုပြီးကောင်းမွန်လာမယ့် “Siri” ကို နောက်ထွက်ရှိလာမယ့် iPhone မျိုးဆက်တွေမှာ ထည့်သွင်းပေးသွားမယ်လို့လည်း သတင်းတွေထွက်ခဲ့သေးတာ ဖြစ်တဲ့အတွက် iPhone မျိုးဆက်သစ်တွေမှာ AI အငွေ့အသက်တွေ ပိုမိုပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

References
GeekWire MacRumors
About Author
Assinged Tags
iPhone Siri Machine Learning Carlos Guestrin Turi Team Artificial Intelligence
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed