တရားဝင်မကြေငြာခင် YouTube မှာ Unboxing Video တက်လာတဲ့ OnePlus 5T

date_range 13 November 2017

တရားဝင်မကြေငြာခင် YouTube မှာ Unboxing Video တက်လာတဲ့ OnePlus 5T

visibility 4640 Views

                OnePlus ရဲ့ ၇ လုံးမြောက် Flagship ဖုန်းတစ်ခုဖြစ်လာမယ့် OnePlus 5T ကို လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တရားဝင်ကြေငြာသွားတော့မှာဖြစ်ပါတယ်။ OnePlus Brand ကအခုနောက်ပိုင်းနာမည်ရလာပြီး ယခု OnePlus 5T ကိုလည်း 6" 18:9 Ratio Screen ကိုပြောင်းလဲအသုံးပြုလာမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် စောင့်မျှော်နေတဲ့သူအချို့ရှိနေတာဖြစ်ပါတယ်။ 

                အဲ့ဒီလို ကျွန်တော်တို့ အပါအဝင် OnePlus 5T ကို စောင့်မျှော်နေတဲ့သူတွေရှိတယ်ဆိုရင် OnePlus 5T ကို အနီးကပ်မြင်ရဖို့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိစောင့်စရာမလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် OnePlus 5T စမတ်ဖုန်းကို YouTube မှာ Unboxing ပြုလုပ်ထားတဲ့ ဗီဒီယိုတစ်ခုတက်လာလို့ပဲဖြစ်ပါတယ်။ Karl Conrad ဆိုတဲ့ YouTube Channel ကနေ တင်ဆက်ခဲ့တာ ဖြစ်ပြီး၊ အခုအချိန်မှာ ဗီဒီယို ပြန်ဖျက်လိုက်ပြီဖြစ်တာကြောင့် သူ့ ချန်နယ်မှာတော့ ကြည့်နိုင်တော့မှာမဟုတ်ပါဘူး။ ( ဒါပေမယ့် အဆိုပါဗီဒီယိုကို ပြန်လည် Upload ပြုလုပ်ပေးထားတဲ့ Channel တွေလည်း ရှိပြီး၊ အောက်ပါ Channel ကနေလည်း OnePlus 5T Unboxing ကို ကြည့်နိုင်ပါတယ်။ ဒီဗီဒီယိုလည်း ဘယ်လောက်ကြာကြာ YouTube မှာ ရှိမလဲဆိုတာကတော့ ကျနော်တို့လည်း အာမ,မခံနိုင်ပါဘူး။ ) 



                အခုလိုမျိုး ဖုန်းကို တရားဝင်ကြေငြာခြင်းမရှိသေးခင် Unboxing Video တက်လာတာက တရားဥပဒေအရ ညှိစွန်းချင်းရှိမရှိမသေချာသေးပေမယ့် ကျွန်တော်တို့အတွက်တော့ OnePlus 5T စမတ်ဖုန်းကို သေသေချာချာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ 

                OnePlus 5T ဖုန်းဟာ ကောလဟာလတွေအတိုင်းပဲ ဘေးဘောင်တွေပါးလွှာလာတဲ့ 6" 18:9 Ratio Display ကို အသုံးပြုထားတဲ့အတွက် အရွယ်အစားက OnePlus 5 ဖုန်းနဲ့ တူညီနေမှာဖြစ်ပြီးတော့ နောက်ကျောဘက်ကလည်း Fingerprint Sensor ပါဝင်တာကလွဲရင် OnePlus 5 နဲ့ တူတူပဲလို့ပြောလို့ရပါတယ်။ 

                ကျွန်တော်တို့ မထင်ထားမိတဲ့အချက်တစ်ခုအနေနဲ့ OnePlus 5T မှာ Face Unlock စနစ်ကိုလည်း ထည့်သွင်းပေးထားတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် Apple iPhone X ရဲ့ Face ID လောက်တော့ စိတ်ချရမှာမဟုတ်လောက်ဘူးလို့ ယူဆရပါတယ်။ ကင်မရာပိုင်းပြောင်းလဲမှုရှိတယ်လို့ ပြောသွားပေမယ့်လည်း Unboxing Video ဖြစ်တဲ့အတွက် အတိအကျတော့ မသိခဲ့ရပါဘူး။ ကျန်တဲ့ Specifications ပိုင်းအရတော့ OnePlus 5 နဲ့တူတူပဲဖြစ်ပြီး Snapdragon 835 CPU, RAM 8GB, 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။

                အခု Unboxing Video ကို OnePlus ကုမ္ပဏီအနေနဲ့ သိရှိပြီးပြီလား၊ မသိသေးဘူးလား မသိရှိရသေးပေမယ့် OnePlus ကုမ္ပဏီကတော့ ဒီကိစ္စအပေါ်ပြောကြားထားခြင်းမရှိသေးပါဘူး။ 

                ဘာပဲဖြစ်ဖြစ် အခုနှစ်ထဲမှာ ပထမဆုံး တရားဝင်မထွက်ရှိခင် အရင်ကြိုတင် Unbox လုပ်ထားတဲ့ OnePlus 5T Unboxing Video ကို ဖော်ပြပေးလိုက်ပါတယ်။ 

References
YouTube
About Author
Assinged Tags
Facial Recognition Technology Smartphones Unboxing OnePlus OnePlus 5T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed