OnePlus 5T ကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တရားဝင်ကြေငြာပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ရောင်းချသွားမည်

date_range 07 November 2017

OnePlus 5T ကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တရားဝင်ကြေငြာပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ရောင်းချသွားမည်

visibility 540 Views

                မျိုးစုံသော Leak တွေ၊ OnePlus Facebook Page၊ Twitter Page တွေကနေ CEO နဲ့ Founder တွေဖြစ်တဲ့ Carl Pei နဲ့ Pete Lau တို့က မျိုးစုံ Teaser တွေတင်ခဲ့ပြီးနောက်မှာတော့ OnePlus 5T ဖုန်းမိတ်ဆက်မယ့်နေ့ကို တရားဝင်သိရပြီဖြစ်ပါတယ်။


                OnePlus 5T စမတ်ဖုန်းကို Brooklyn, New York မှာ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့ 4PM GMT မှာ ကြေငြာသွားမှာဖြစ်ပြီးတော့ တကမ္ဘာလုံးကို Live Stream ပြသသွားမှာဖြစ်ပါတယ်။ ယခု OnePlus 5T Launch Event မှာ တစ်ခုထူးခြားတာကတော့ တကယ်လို့ Launch Event ကိုတက်ရောက်ချင်တယ်ဆိုရင် $40 နဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ OnePlus Website မှာရှိတဲ့ Special Page ကနေ တစ်ဆင့် လက်မှတ်ဝယ်ယူပြီး တက်ရောက်နိုင်တာပဲဖြစ်ပါတယ်။ အခုလိုမျိုး Public ကို Launch Event ကို လက်မှတ်ရောင်းချပြီး တက်ရောက်ခွင့်ပေးတာက ပုံမှန် Media တွေကိုပဲ ဖိတ်ကြားပြီး ပြုလုပ်တာနဲ့ ယှဉ်ရင် ထူးခြားနေပါတယ်။ 


                OnePlus 5T ဖုန်းကို ကြေငြာပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ North America, Europe နဲ့ India မှာ Early Bird Flash Sale အနေနဲ့ အရင်ရောင်းချသွားမှာဖြစ်ပြီးတော့ တရားဝင်ရောင်းချမှုတွေကိုတော့ နိုဝင်ဘာလ ၂၈ ရက်မှာ စတင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် China မှာတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။ 

                လက်ရှိအချိန်အထိ OnePlus 5T အတွက် သိရှိရသမျှ သတင်းတွေကို ဖော်ပြခဲ့ပြီးဖြစ်သလို အဓိက အနေနဲ့ 6" 18:9 Ratio Display ကို ပြောင်းလဲအသုံးပြုသွားမှာပဲ အရင် OnePlus 5 နဲ့ ကွာခြားသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း OnePlus ကိုယ်တိုင်က Teaser ဓါတ်ပုံမှာ "A New View" ဆိုပြီး Display ကို အဓိကထားကြော်ငြာထားတာ တွေ့ရပါတယ်။

References
GSM Arena
About Author
Assinged Tags
Smartphones Bezel-less smartphone OnePlus 5 OnePlus Bezel-Less Display OnePlus 5T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed