Android 8.1 Update ထွက်မှ Activate ဖြစ်မယ့် Google Pixel 2 ရဲ့ Visual Core Chip

date_range 19 October 2017

Android 8.1 Update ထွက်မှ Activate ဖြစ်မယ့် Google Pixel 2 ရဲ့ Visual Core Chip

visibility 1700 Views

                Google Pixel 2 ဖုန်းတွေဟာ လက်ရှိအချိန်မှာ DxOMark လိုမျိုး Benchmarking Website မှာ ထိပ်ဆုံးကနေရာယူထားသလို လက်ရှိမှာလည်း HDR+ နည်းပညာ၊ Dual Pixel နည်းပညာနဲ့ AI Machine Learning နည်းပညာတွေနဲ့အတူ လက်ရှိအကောင်းဆုံး စမတ်ဖုန်းကင်မရာနေရာကို ရယူထားနိုင်ပါတယ်။


                ဒါပေမယ့် Google က သူရဲ့ Pixel 2 ဖုန်းတွေမှာ စတင်ကြေငြာတုန်းက မပြောပဲထားခဲ့တာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Pixel 2 ဖုန်းတွေမှာ Google ကနေ ပထမဆုံးအနေနဲ့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ 6 Core Pixel Visual Core Chip ပါဝင်နေတာပဲဖြစ်ပါတယ်။

                Google ကနေ အဆိုပါသတင်းကို အခုကျမှ Press Release နဲ့ ပြောကြားခဲ့တာဖြစ်ပြီး၊ Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေမှာ Photography Processing အတွက် အဓိကရည်ရွယ်ထားတဲ့ 6 Core Pixel Visual Core Chip ပါဝင်မှာဖြစ်ပြီး အဆိုပါ Chip က လက်ရှိ Pixel 2 ဖုန်းတွေရဲ့ HDR+ နည်းပညာကို သာမန် Processor ကနေ ဆောင်ရွက်တာထက် ၅ ဆ ပိုမိုမြန်ဆန်ပြီး စွမ်းအင်သုံးစွဲမှုကလည်း ၁၀ ပုံ ၁ ပုံ ပဲရှိမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာက အခုအချိန်မှာ Google Pixel 2 ဖုန်းရဲ့ ကင်မရာကို ချီးကျူးနေကြပေမယ့် Google Pixel 2 ဖုန်းတွေဟာ Google ကနေ သီးသန့်ထုတ်ပေးထားတဲ့ Visual Core Chip ကို လုံးဝအသုံးမပြုရသေးတာပဲဖြစ်ပါတယ်။


                Google ကတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ Android 8.1 Developer Preview ကို ထုတ်ပေးသွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကြမှ အသုံးပြုသူတွေဟာ အဆိုပါ Chip ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ 

                Google ရဲ့ HDR+ နည်းပညာဟာ မနှစ်က Google Pixel ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တဲ့ နည်းပညာဖြစ်ပြီး Low Light နဲ့ High Dynamic Range ဓါတ်ပုံတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခု Pixel 2 ရဲ့Visual Core Chip ဟာ အဆိုပါ HDR+ နည်းပညာကို အဆုံးစွန်အထိရောက်ရှိအောင် အသုံးပြုနိုင်ဖို့၊ Most Challenging Imaging ကို ကိုင်တွယ်နိုင်ဖို့နဲ့ Machine Learning Application တွေအတွက် ရည်ရွယ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ပါဝင်စားသက်သက်သက်သာသာနဲ့ HDR+ Processing ကို ပြုလုပ်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ 

                ယခု Pixel Visual Core Chip ဟာ လက်ရှိအချိန်မှာ HDR+ နည်းပညာအတွက်ပဲ အသုံးပြုဦးမှာဖြစ်ပေမယ့် Google ကတော့ နောက်ပိုင်းမှာ အခြားသော Application တွေကပါ အသုံးပြုလာမယ်လို့ ပြောထားပါတယ်။ Google က Pixel 2 ရဲ့ HDR+ နည်းပညာကို အခြား Application ကနေပါ အသုံးပြုနိုင်အောင် Android Camera API ကို Update ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ 

                အခုလို Pixel 2 ရဲ့ Visual Core Chip ဟာ ဘာလို့ စတင်ကြေငြာထဲက အလုပ်မလုပ်လည်းဆိုတာကတော့ သေချာမပြောနိုင်ပေမယ့် Google Pixel 2 ဟာ လာမယ့် Software Update တွေနဲ့အတူ ကင်မရာကလည်း ပိုပိုပြီးကောင်းလာမယ်ဆိုတာကတော့ ကျိန်းသေနေပြီလို့ပြောလို့ရပါတယ်။

References
Android Authority
About Author
Assinged Tags
Google Pixel 2 Pixel 2 XL Visual Core Chip Android 8.1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed