Qualcomm ကုမ္ပဏီကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဝယ်ယူဖို့ စဉ်းစားနေတဲ့ Broadcom

date_range 06 November 2017

Qualcomm ကုမ္ပဏီကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဝယ်ယူဖို့ စဉ်းစားနေတဲ့ Broadcom

visibility 1460 Views

                Broadcom ကုမ္ပဏီဆိုတာက အမေရိကန်နိုင်ငံအခြေစိုက် Chipset Maker ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ထဲက တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် သက်တမ်းအရကြာပြီတဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ 

                အခုအချိန်မှာ Broadcom ကနေ Qualcomm ကုမ္ပဏီကို များပြားလှတဲ့ ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဝယ်ယူဖို့ ပြုလုပ်နေတဲ့လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သတင်း Sources တွေအရမသေချာသေးသလို ဘယ်ဖက်ကမှ ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပေမယ့် လာမယ့်ရက်ပိုင်းအတွင်း တရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိနေတယ်လို့လည်း ကောလဟာလထွက်ရှိနေတာဖြစ်ပါတယ်။ 

                လက်ရှိမှာတော့ Broadcom ကုမ္ပဏီဟာ အကြီးမားဆုံးသော WiFi Chip ထုတ်လုပ်သူဖြစ်နေပြီးတော့ Qualcomm ကလည်း အကြီးဆုံး Modem ထုတ်လုပ်သူဖြစ်နေပါတယ်။ တကယ်လို့ Broadcom ရဲ့ ဝယ်ယူမှုအောင်မြင်သွားလို့ ဒီ ကုမ္ပဏီကြီး နှစ်ခုသာ ပေါင်းစပ်သွားရင် နောက်ထွက်လာမယ့် စမတ်ဖုန်းတွေအတွက်လည်း ပိုပြီးကောင်းမွန်တဲ့နည်းပညာတွေကို မျှော်လင့်နိုင်မှာပါ။ 


                အခုလောလောဆယ်မှာတော့ Qualcomm ကုမ္ပဏီက Apple နဲ့ တရားရင်ဆိုင်မှုတွေမပြတ်ပြုလုပ်နေရပြီး အခုအချိန်အထိ မပြီးပြတ်သေးပဲ အပြန်အလှန်တရားစွဲနေကြတုန်းပဲဖြစ်ပါတယ်။ လတ်တလောကပဲ Qualcomm က Apple ကို Software License Contract တွေပေါက်ကြားစေမှုနဲ့ ထပ်မံတရားစွဲထားပါသေးတယ်။ အခုလို မပြီးဆုံးနိုင်တဲ့ Copyright တိုက်ပွဲတွေကြောင့် Qualcomm ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းတိတိ ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။

                ဘာပဲဖြစ်ဖြစ် Broadcom သာ Qualcomm ကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဝယ်ယူမယ်ဆိုရင် ဒါက လက်ရှိအချိန်မှာ ငွေကြေးသုံးစွဲမှုအများပြားဆုံး ဝယ်ယူမှုဖြစ်လာမှာဖြစ်ပြီး ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အခုလိုအမြောက်အများသုံးစွဲပြီး ဝယ်ယူရလောက်အောင် ကုမ္ပဏီနှစ်ခုပေါင်းစပ်ပြီး ပြုလုပ်ရမယ့်နည်းပညာများရှိနေမလား ဆိုတာပါ။ 

References
Android Authority
About Author
Assinged Tags
Qualcomm Chipset Broadcom
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed