ပထမဆုံး iPhone Reviewer ရဲ့ အစောဆုံး iPhone X Review

date_range 31 October 2017

ပထမဆုံး iPhone Reviewer ရဲ့ အစောဆုံး iPhone X Review

visibility 3540 Views

                Pre-Order မှာထားတဲ့ သူတွေလက်ထဲကို iPhone X က နောက်လ နိုဝင်ဘာ ၃ ရက်နေ့မှ ရောက်ရှိမှာဆိုတော့ နည်းပညာ စိတ်ဝင်စားသူတွေနဲ့ Apple ပရိတ်သတ်တွေ အနေနဲ့ iPhone X Review ကို စောင့်မျှော်နေကြပါတယ်။ Steve Levy ဆိုသူဟာ Journalist တစ်ယောက်ဖြစ်ပြီး အခုလက်ရှိ Wired မှာ အလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။ 

                Steve ဟာ ၂၀၀၇ ခုနှစ်တုန်းက ပထမဆုံး iPhone ကို Review လုပ်ခဲ့ကြတဲ့ Reviewer တွေ ၄ ယောက်ထဲက တစ်ယောက်ဖြစ်တာကြောင့် Apple အနေနဲ့ Steve ကို iPhone ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ iPhone X မထွက်လာခင်မှာ အစောဆုံး iPhone X Review လုပ်ခွင့် အထူးအခွင့်အရေး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

                Steve အနေနဲ့ iPhone X ရဲ့ “Super Retina OLED Display" ကို အရမ်း Impress ဖြစ်ခဲ့တယ်၊ iPhone X မှာ စတင်ပါဝင်လာတဲ့ Swiper Gestures တွေနဲ့လည်း လွယ်လွယ်ကူကူ ရင်းနှီးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Face ID သုံးရတာကိုတော့ သိပ်မကြိုက်ဘူးလို့ သိရပါတယ်။

                iPhone X ရဲ့ Face ID က မိတ်ဆက်တုန်းက ပြောခဲ့သလိုပဲ တခြားသူတွေရဲ့ မျက်နှာနဲ့လည်း ဖွင့်လို့မရတဲ့အပြင် Steve က သူ့ရဲ့ဓာတ်ပုံနဲ့ဖွင့်ဖို့ ကြိုးစားခဲ့တာလည်း မအောင်မြင်ခဲ့ဘူးလို့ ပြောထားပါတယ်။ သို့ပေမယ်လည်း Steve က သိပ်တော့ အကြိုက်မတွေ့ပါဘူးတဲ့။

                Steve က ဆက်လက်ပြီး 

“Face ID ကို စစသုံးခြင်းတုန်းက တမ်းပြီးအသားမကျဘူးဗျ။ အသားကျသွားဖို့ နည်းနည်းအချိန်ယူလိုက်ရတယ်။ တစ်ခါတစ်လေ ကျတော့လည်း Face ID နဲ့ ဖွင့်လိုက်တာနဲ့ Lock Screen က တမ်းပွင့်တယ်။ တစ်ခါတစ်လေ ကျတော့လည်း Lock Screen ပွင့်ဖို့အတွက် Swipe Up ထပ်လုပ် ပေးရတယ်ဗျ။ နည်းနည်းတော့ ကြောင်နေသေးတယ်။iPhone X နဲ့ Apple Pay သုံးရတာကိုတော့ တော်တော်ကြိုက်တယ်ဗျ။ Side-Button လေးကို နှစ်ချက်နှိပ်၊ Face ID နဲ့ Apple Pay လုပ်ရတာ တော်တော်လေး မိုက်ပါတယ်”

လို့ ပြောခဲ့ပါတယ်။

                နောက်ပြီး iPhone X Camera ကလည်း Major Upgrade ဖြစ်ပြီး Battery Life ကလည်း iPhone 7 နဲ့ ယှဉ်မယ်ဆိုရင် တော်တော်ကြီး သိသိသာသာ တိုးတက်လာတယ်လို့ သိရပါတယ်။ Apple ပြောသလိုမျိုး တစ်နေကုန်နီးပါးလောက် အသုံးခံနိုင်တယ်လို့လည်း ဆိုပါတယ်။ 

                iPhone X ကို Steve အပြင် Popular Science ကလည်း Review လုပ်ထားပါသေးတယ်။ Steve ရဲ့ Review အပြည့်အစုံကို Wired မှာ သွားဖတ်နိုင်ပြီး၊ Popular Science က Review Video ကိုတော့ YouTube မှာ သွားကြည့်နိုင်ပါတယ်။


References
9to5Mac
About Author
Assinged Tags
iPhone Review Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed