Laptop တွေအတွက် ပထမဆုံး Ryzen Processors တွေကို Ryzen Laptops တွေနဲ့အတူ မိတ်ဆက်လိုက်ပြီဖြစ်တဲ့ AMD

date_range 30 October 2017

Laptop တွေအတွက် ပထမဆုံး Ryzen Processors တွေကို Ryzen Laptops တွေနဲ့အတူ မိတ်ဆက်လိုက်ပြီဖြစ်တဲ့ AMD

visibility 1520 Views

                ၂၀၁၇ ခုနှစ်ဟာ AMD အတွက် အရှိန်အဟုန်ကောင်းတဲ့နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့ ၈ လဝန်းကျင်လောက်က AMD ဟာ 14nm FinFET process သုံး Zen microarchitecture အသစ်နဲ့ Ryzen Processors တွေကို မိတ်ဆက်ပြီး၊ Desktop Processors စျေးကွက်ကို ကိုင်လှုပ်ခဲ့ပါတယ်။

                အခုအခါမှာတော့ AMD ဟာ Ryzen Series ရဲ့ ပထမဆုံး Laptop Processors တွေကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး၊ Intel ကပဲ အများဆုံးကြီးစိုးထားတဲ့ Laptop Processors စျေးကွက်ကိုပါ ပြောင်းလဲလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ Intel ရဲ့ 8th Generation Core Processors တွေ အသုံးပြုထားတဲ့ Laptop နဲ့ Notebook တွေကလည်း စျေးကွက်ဝင်နေပြီဆိုတော့ Laptop စျေးကွက်မှာလည်း Intel နဲ့ AMD ယှဉ်ပြိုင်မှုတွေ  ပိုကောင်းလာမှာပါ။


                Ryzen Mobile APU (Accelerated Processing Units) လို့ အမည်ပေးထားတဲ့ အခု Ryzen Laptop Processors တွေမှာ Vega GPU Architecture သုံး Radeon Graphics လည်း Integrated ပါဝင်လာမှာဖြစ်ပါတယ်။ APUs ဆိုတာ CPU ကော GPU ပါ Chipset တစ်ခုတည်းမှာ ပါတဲ့ Processors တွေဖြစ်ပြီး၊ စမတ်ဖုန်း Processors တွေအနေနဲ့ ပြောရရင် SoC (System on a Chip ) သဘောမျိုးပဲဖြစ်ပါတယ်။ Intel ကလည်း သူတို့ Intel HD Graphics နဲ့ Mobile Processors တွေ ရှိပါတယ်။ ဒါပေမယ့် APU ဆိုတဲ့ အသုံးက AMD အပိုင်လို ဖြစ်နေလို့ မသုံးတာပဲ ရှိတာပါ။

                လောလောဆည်မှာ Ryzen Mobile APUs မော်ဒယ်နှစ်မျိုးကို စတင်မိတ်ဆက်ခဲ့ပြီး၊ Ryzen 7 2700U နဲ့ Ryzen 5 2500 U တို့ ဖြစ်ပါတယ်။ AMD ကတော့ “ဒီ Processors တွေဟာ Ultrathin Notebooks တွေအတွက် အမြန်ဆုံး Processors တွေ” ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ ယခု Ryzen Mobile APUs တွေဟာ AMD ရဲ့ အရင်က “Bristol Ridge” Mobile APUs တွေထက် CPU Performance ပိုင်းမှာ ၃ ဆ ပိုကောင်းလာပြီး၊ Graphics Performance မှာ ၂.၃ ဆ ပိုကောင်းလာကာ၊ ဘက်ထရီသုံးစွဲမှုကလည်း ၅၈ ရာခိုင်နှုန်းအထိ နည်းသွားတယ်လို့ AMD က ဆိုထားပါတယ်။

                AMD က သူတို့ရဲ့ Ryzen 7 2700U နဲ့ Intel ရဲ့ Core i7-8550U Mobile Processors နှစ်မျိုးကို POVRay, PCMark 10 နဲ့ TrueCrypt တို့မှာ နှိုင်းယှဉ်ထားချက်ကို ပြသခဲ့ပုံအရတော့ Performance သိသိသာသာ ကောင်းမွန်တာကို တွေ့မြင်ရပါတယ်။ 3DMark Time Spy မှာလည်း Intel Core i7-7500U ကိုမှ Nvidia GeForce 950M GPU နဲ့ Graphics Performance စစ်ကြည့်ရာမှာ Points 900 ရရှိခဲ့ပြီး၊ Ryzen 7 2700 APU ကတော့ Points 915 နဲ့ အနိုင်ံယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်တွေက တကယ်ဖြစ်မလားဆိုတာကတော့ တခြား Reviewers တွေရဲ့ Review ကို စောင့်ကြည့်ရမှာပါ။


                AMD ရဲ့ အဆိုတွေအရပဲ အခု Ryzen Mobile APUs သုံးထားတဲ့ Ultrathin Notebook တစ်လုံးဟာ LoL, Dota 2 တို့ CS;GO တို့ကို 1920x1080 (FullHD) ၊ Overwatch တို့ Quake Champions တို့ကို 1280x720 (HD) လောက်နဲ့ 43fps နဲ့ 66fps တို့ ကြားမှာ အေးဆေးဆော့နိုင်တယ်လို့ သိရပါတယ်။

                AMD Ryzen Mobile APUs မော်ဒယ်နှစ်ခုရဲ့ Specs တွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်။


                AMD Ryzen Mobile APUs တွေ အသုံးပြုမယ့် Laptop သုံးမျိုးကိုလည်း Manufacturer တွေက တခါတည်း ကြေငြာသွားခဲ့ပါပြီ။ အဆိုပါ Ryzen Laptops တွေကတော့ Lenovo IdeaPad 720S ၊HP ရဲ့ Envy X360 နဲ့ Acer ရဲ့ Swift 3 တို့ ဖြစ်ပါတယ်။ Acer Swift 3 ကတော့ Intel Pentium မော်ဒယ်နဲ့ ထွက်ဖူးပြီးသား ဖြစ်ပေမယ့်၊ HP Envy x360 က 8th Gen Intel Core i5 နဲ့ ထွက်ဖူးပြီးသားဆိုတော့ AMD မော်ဒယ်နဲ့ ဘယ်လိုကွာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီ Laptop မော်ဒယ်သုံးမျိုးလုံးကို Intel Processors စီးရီးတွေနဲ့ ထွက်ရှိပြီးသား မော်ဒယ်တွေဖြစ်သလို၊  မကြာမီရက်သတ္တပတ်အတွင်း US မှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


References
Trusted Reviews AnAndTech
About Author
Assinged Tags
Laptop AMD AMD Processor AMD Graphics AMD Ryzen Ultrabook Ryzen Ryzen Laptops Ryzen Mobile APUs Ryzen Laptop Processors
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed