Microsoft ရဲ့ ယနေ့ည မိတ်ဆက်ပွဲမတိုင်မီ Surface Laptop ပုံရိပ်များ ပေါက်ကြား

date_range 02 May 2017

Microsoft ရဲ့ ယနေ့ည မိတ်ဆက်ပွဲမတိုင်မီ Surface Laptop ပုံရိပ်များ ပေါက်ကြား

visibility 150 Views

                Microsoft ဟာ New York City မှာ ယနေ့ည ရှစ်နာရီကျရင် Surface Laptop မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

                ဒါပေမယ့် ဒီပွဲမတိုင်မီမှာ Microsoft က အသစ်မိတ်ဆက်မယ့် Surface Laptop ပုံရိပ်တွေ ကြိုတင်ပေါက်ကြားလာပါပြီ။

                Twitter ကနေ တဆင့်ပေါက်ကြားလာတဲ့သတင်းတွေအရ Microsoft ရဲ့ Surface Laptop အသစ်မှာ ၁၃.၅ လက်မအကျယ် PixelSense Display ပါဝင်လာမှာဖြစ်ပြီး၊ ပလက်တီနမ်၊ ဝိုင်နီရောင်၊ ကိုဗော့အပြာရောင်နဲ့ ဂရပ်ဖိုက်ရွှေရောင်ဆိုပြီး ကာလာလေးမျိုး ထုတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

                Surface Laptop အသစ်မှာ အသုံးပြုလာမယ့် Processor နဲ့ တခြား Hardware တွေအကြောင်းတော့ မသိရသေးမယ့်၊ ပုံမှာမြင်တွေ့ရသလောက်ဆိုရင် ပုံမှန် USB Port ၊ mini DisplayPort နဲ့ မြင်နေကျ Surface Power Connector တို့ကို တွေ့မြင်ရမှာဖြစ်ပြီး၊ Microsoft အနေနဲ့ USB Type-C Ports တွေကို အသုံးပြုထားဖွယ် မရှိသေးပါဘူး။

                နောက်ထပ်ပေါက်ကြားလာတဲ့အချက်အလက်တွေကတော့ Surface Laptop အသစ်ဟာ ၂.၇၆ ပေါင် အလေးချိန်ရှိမှာဖြစ်ပြီး၊ အထူက ၁၄.၄၇ မီလီမီတာပဲရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Display မှာ Pixels ပေါင်း ၃.၄ မီလီယံအထိ ပါရှိမှာဖြစ်ပြီး၊ 1080p Display Panel ပဲ ဖြစ်လောက်ပါတယ်။

                နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဒီ Laptop မှာ သုံးမယ့် OS ပါ။ Microsoft ဟာ ယခု Laptop အသစ်မှာ Windows 10 S ဆိုတဲ့ OS အသစ်တစ်မျိုးကို အသုံးပြုဖွယ်ရှိပြီး၊ အသေးစိတ်အချက်အလက်တွေကိုတော့ ဒီည မြန်မာစံတော်ချိန် ၈ နာရီလောက်မှာ စောင့်ကြရမှာပါ။

References
The Verge
About Author
Assinged Tags
Microsoft Laptop Surface Laptop Windows 10 S
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed