ဒေါ်လာ ၂၀၀ စျေးလျှော့ပေးလိုက်တာကြောင့် ၄၉၉ ဒေါ်လာပဲ ရှိတော့တဲ့ ‘Essential Phone’

date_range 23 October 2017

ဒေါ်လာ ၂၀၀ စျေးလျှော့ပေးလိုက်တာကြောင့် ၄၉၉ ဒေါ်လာပဲ ရှိတော့တဲ့ ‘Essential Phone’

visibility 38560 Views

                Android OS ရေးဆွဲသူ Andy Rubin ရဲ့ ပထမဆုံး၊ ပွဲဦးထွက်စမတ်ဖုန်းဖြစ်တဲ့ Essential Phone (PH-1) ကတော့ စတင်ရောင်းချပြီး နှစ်လလောက်အကြာမှာပဲ မူလ ၆၉၉ ဒေါ်လာစျေးကနေ ဒေါ်လာ ၂၀၀ လျော့ချလိုက်ပြီး၊ ၄၉၉ ဒေါ်လာပဲ ရှိပါတော့တယ်။

                ထူးခြားကောင်းမွန်တဲ့ဒီဇိုင်း၊ အမြင့်စား Hardwares တွေကို အသုံးပြုထားတဲ့ Essential Phone ကို ၄၉၉ ဒေါ်လာဆိုတဲ့ စျေးချပေးလိုက်တာက တကယ့်ကို မဆိုးဘူးလို့ ပြောလို့ရပါတယ်။


                Essential PH-1 ဖုန်းဟာ စတင်ထွက်ရှိတုန်းက Camera က Speed အရမ်းနှေးပြီး၊ Low-Light မှာလည်း တော်တော်လေးအခြေအနေမကောင်းခဲ့ပေမယ့် နောက်ပိုင်းထုတ်ပေးခဲ့တဲ့ Software Updates တွေမှာတော့ ဒီပြဿနာတွေကို ဖြေရှင်းပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခုဆို အကောင်းဆုံး Android စမတ်ဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်လို့တောင် ပြောလို့ရပါတယ်။

                ဒေါ်လာ ၂၀၀ တောင် စျေးကျသွားပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိအချိန်ထိ US နဲ့ Canada တို့ကိုပဲ တင်ပို့ရောင်းချသေးတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တခြားစျေးကွက်တွေကိုပါ ဖြန့်ချိဖို့ ရှိတယ်လို့ သူတို့ Website မှာ ရေးသားထားပါတယ်။

                သြဂတ်စ်လကမှ ၆၉၉ ဒေါ်လာနဲ့ စတင်ရောင်းချခဲ့တာဖြစ်တာကြောင့် အရင်ဝယ်ထားတဲ့သူတွေလည်း မနစ်နာရအောင် ဝယ်ယူပြီးသားသူတွေအတွက်လည်း ဒေါ်လာ ၂၀၀ တန် Essential Store ကူပွန်တစ်ခု ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Essential Phone မှာ တပ်ဆင်အသုံးပြုလို့ရတဲ့ 360-Camera ကလည်း ၁၉၉ ဒေါ်လာ ကနေ ၁၇၉ ဒေါ်လာစျေး ကျသွားတာ တွေ့ရပါတယ်။

                အခုလို အချိန်တိုအတွင်းမှာ ဒေါ်လာ ၂၀၀ ထိ စျေးလျော့လိုက်တာနဲ့ ပတ်သတ်ပြီး ကုမ္ပဏီရဲ့ Blog မှာ အခုလို ရေးသားထားပါတယ်။

“တကယ့်ထိပ်တန်းဒီဇိုင်းအရည်အသွေးနဲ့ နောက်ဆုံးပေါ်နည်းပညာတွေဟာ လူနည်းစုအတွက်ပဲ မဖြစ်သင့်ဘူး ဆိုတာက ကျနော်တို့ Essential ရဲ့ အဓိကမူတစ်ခုပါပဲ။ ဝယ်သူတွေရဲ့ အာရုံကို ဖမ်းစားဖို့အတွက် ကျနော်တို့အနေနဲ့ TV ကြော်ငြာ Campaign ကြီး ဖန်တီးလိုက်လို့ ရပါတယ်။ ဒါပေမယ့် ကျနော်တို့ကို လူပိုသိစေချင်ရင် ကျနော်တို့ရဲ့ ပထမဆုံး Products တွေကို အားလုံး အလွယ်တကူလက်လှမ်းမီနိုင်အောင် လုပ်ပေးတာကပဲ ပိုပြီးထိရောက်တယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။”

                ဘာပဲပြောပြော Essential PH-1 လို Flagship Android စမတ်ဖုန်းတစ်လုံးကို ၄၉၉ ဒေါ်လာဆိုတဲ့ စျေးက တခြားကုမ္ပဏီတွေရဲ့ Flagship ဖုန်းစျေးတွေနဲ့ ယှဥ်ရင် တော်တော်နည်းနေတာကြောင့် ရောင်းအားကောင်းလိမ့်မယ်လို့ ယူဆရပါတယ်။ 

References
Android Central
About Author
Assinged Tags
Android Andy Rubin Essenial Essential PH-1 Essential Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed