Out of Stock ဖြစ်နေတဲ့ OnePlus 5

date_range 15 October 2017

Out of Stock ဖြစ်နေတဲ့ OnePlus 5

visibility 5540 Views

                ယခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ OnePlus ကနေ တရားဝင်မိတ်ဆက်ပေးခဲ့တဲ့ OnePlus 5 စမတ်ဖုန်း ကို လက်ရှိအချိန်မှာတော့ OnePlus Website ကနေ ဝယ်ယူလို့မရတော့ဘဲ “Buy Now” နေရာမှာ “Out Of Stock” လို့ ပြသထားတာကို မနေ့က စ ပြီးတွေ့ရှိခဲ့ရပါတယ်။ 


                OnePlus အနေနဲ့ အခုလိုမျိုး Out Of Stock ဖြစ်ရတဲ့အကြောင်းအရင်းကိုလည်း သတင်းကြေညာချက် တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။ OnePlus ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလကမှ Fashion Designer Jean-Charles De Castelbajac နဲ့ ပူးပေါင်းပြီး OnePlus 5 စမတ်ဖုန်းကိုပဲ JCC+ Limited Edition နဲ့ ထွက်ရှိခဲ့ပါသေးတယ်။

                OnePlus ဟာ OnePlus 5 ရောင်းချမှုကို ရုတ်တရက်ကြီးဘာလို့ ရပ်တန့်လိုက်တာလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က OnePlus 5T ကို နိုဝင်ဘာလထဲမှာ မိတ်ဆက်ပေးသွားဖို့ရှိ တယ်လို့ ကောလာဟလတွေ ထွက်ရှိထားတာကြောင့် လက်ရှိအချိန်မှာ OnePlus 5 အစား OnePlus 5T စမတ်ဖုန်းကို အစားထိုးရောင်းချပေးသွားဖို့ ကြံရွယ်နေတယ်လို့ ယူဆရပါတယ်။ 

                လက်ရှိအချိန် OnePlus 5 ကို ဝယ်ယူလိုသူတွေအတွက်ကတော့ စမတ်ဖုန်းရောင်းချတဲ့ ဆိုင်တွေကနေ Stock လက်ကျန်တွေကိုသာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပြီး၊ Website ကနေ တိုက်ရိုက်မှာလိုသူတွေအတွက်ကတော့ နောက်ထပ်အသစ်ထွက်ရှိလာမယ့် OnePlus 5T ကိုသာ စောင့်ဆိုင်းဝယ်ယူရတော့မှာဖြစ်ပါတယ်။ 

References
Android Central
About Author
Assinged Tags
Android Android Smartphones OnePlus 5 OnePlus OnePlus 5T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed