၂၄ နာရီလုံး Record ပြုလုပ်နေတဲ့ Google Home Mini အချို့

date_range 12 October 2017

၂၄ နာရီလုံး Record ပြုလုပ်နေတဲ့ Google Home Mini အချို့

visibility 440 Views

                Google ကနေ သူရဲ့ Smart Speaker အသစ်ဖြစ်တဲ့ Google Home Mini ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က Google Pixel 2 ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့ပြီး လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကြရင် ရောင်းချသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိ Pre-Production အလုံးတွေမှာ ပြဿနာတစ်ခုကို ကြုံနေရပါတယ်။


                ပုံမှန်အားဖြင့် Google Home Mini ဟာ သူ့ကို ခိုင်းစေနိုင်ဖို့ Keyword ဖြစ်တဲ့ "OK, Google" "Hey, Google" ပြောလိုက်မှသာ အသုံးပြုဖို့အဆင်သင့်ဖြစ်ပြီး ကိုယ်ဆက်ပြောမယ့်စကားကို နားထောင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် Google Home Mini ရဲ့ အပေါ်ဘက်ကို ဖိထားပြီး Google Assistant ကို ခေါ်ဆိုအသုံးပြုနိုင်ပါတယ်။

                ဒါပေမယ့် Android Police က Review ပြုလုပ်နေတဲ့ Google Home Mini ကတော့ အချိန်ပြည့် ပြောဆိုနေတဲ့စကားတွေကို နားထောင်နေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေတစ်ခုကတော့ အဆိုပါ Google Home Mini ဟာ သူ့အပေါ်မှာ လက်တင်ထားတယ်လို့ မှားယွင်းယူဆနေပြီး နားထောင်နေတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ အဲ့ဒီလိုမျိုး နားထောင်နေတယ်ဆိုတာကို Google Home Mini ရဲ့ အပေါ်မှာ ရှိတဲ့ Notification Lights တွေ ပွင့်နေတာကို ကြည့်ပြီး သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်အတိုင်း Google Assistant က နားထောင်နေကြောင်းကို ဘာတစ်ခုမှ အသံနဲ့ ပြောကြားခြင်းမရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Home ကနေ အခုလိုမျိုး ပတ်ဝန်းကျင်က အသံတွေအကုန်လုံးကို ဖမ်းယူနိုင်တယ်ဆိုတာကို Google Home ရဲ့ Search History ကနေ ပြန်ရှာတော့မှ သိရှိရတာဖြစ်ပါတယ်။ 

    Google က အဆိုပါ ပြဿနာကို သိရှိခဲ့ပြီး Google Home ကို ထိလိုက်ရုံနဲ့ Assistant ကို အလုပ်မလုပ်နိုင်အောင် အဆိုပါ Google Home ကို ဖိထားပြီး Assistant ကို ခိုင်းစေနိုင်တဲ့ Feature ကို ဖြုတ်ပစ်လိုက်ပါပြီ။ အဲ့ဒီအတွက် Google Home Mini ကို အသုံးပြုချင်တယ်ဆိုရင် အသံနဲ့ပဲ Assistant ကို ခေါ်ဆိုမှ ရတော့မှာဖြစ်ပါတယ်။

                Google ကိုယ်တိုင်ကလည်း Statement တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ Google Home Mini မှာဖြစ်ပေါ်နေတဲ့ပြဿနာဟာ အချို့သော Devices တွေမှာပဲဖြစ်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ထဲက Update မှာ ဖြေရှင်းခဲ့ပြီး ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ အဆိုပါ ကိစ္စအတွက်ပဲ Help Article တစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး တကယ်လို့ အဆင်မပြေဘူးဆိုရင် Google Support ကို ဆက်သွယ်ပြီး ပြန်လည်လဲလှယ်နိုင်မယ်လို့ သိရပါတယ်။ 

                အခုလို အရေအတွက်အနည်းငယ်ပဲ ယခုပြဿနာဖြစ်နေတယ်ဆိုတာက တော်သေးတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ AI နည်းပညာတွေ မြင့်မားစွာပါဝင်တဲ့ Google Home Mini လိုမျိုး Smart Speaker တွေသာ ကျွန်တော်တို့ ပြောနေတဲ့အသံတွေကို အမြဲတမ်းနားထောင်နေရင် အဲ့ဒါက စိတ်ပူပန်စရာကိစ္စတစ် ခုဖြစ်လာမှာပါ။ ဘာပဲဖြစ်ဖြစ် တကယ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ မရောင်းချခင် ယခု ပြဿနာကို သိရှိပြီး ပြင်ဆင်နိုင်ခဲ့တာက သတင်းကောင်းတစ်ခုလို့ ပြောလို့ရမှာပါ။ 

References
The Verge
About Author
Assinged Tags
Google Google Assistant Smart Speaker Google Home Mini
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed