Video Calling Feature ကို Phone, Contacts နဲ့ Android Message Apps တွေမှာ ထည့်သွင်းပေးလိုက်တဲ့ Google

date_range 12 October 2017

Video Calling Feature ကို Phone, Contacts နဲ့ Android Message Apps တွေမှာ ထည့်သွင်းပေးလိုက်တဲ့ Google

visibility 680 Views

                Google ကနေပြီးတော့ Pixel နဲ့ Android One စမတ်ဖုန်းတွေအတွက် Phone, Contacts နဲ့ Android Message Apps တွေမှာ Video Calling Feature ကို စတင်ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက Video Calling Feature အတွက် Mobile Carrier တွေကနေ ထောက်ပံ့ပေးတယ်ဆို ViLTE (Video Over LTE) ကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊ မထောက်ပံ့ပေးနိုင်တဲ့ ရိုးရိုးစမတ်ဖုန်းတွေအတွက်ကတော့ Google Duo (Google ရဲ့ကိုယ်ပိုင် Video Calling Service) ကို အသုံးပြုရမှာဖြစ်ပါတယ်။

via GIPHY

                နောက်ထပ် သိရှိထားရမယ့်အချက်က ViLTE Network ထဲမှာရှိမနေသူတွေအတွက် ကိုယ် Video Call ခေါ်ချင်တဲ့သူဟာ Google Duo ကို Setup ပြုလုပ်ထားမှသာ ဒီ Feature ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Video Call Feature အတွက်ကိုလည်း Phone, Contacts, Android Messages နဲ့ Google Duo တို့ကို Update ပြုလုပ်ထားမှ အလုပ်လုပ်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

                လက်ရှိအချိန်မှာတော့ ViLTE Network အသုံးပြုလို့ရတဲ့ Mobile Carrier ဟာ အနည်းအကျဉ်းပဲရှိပါသေးတယ်။ ဒါကြောင့်မို့လို့ ဒီ Video Calling Feature မှာ ViLTE ကို အတော်များများအသုံးပြုလို့ရဖို့အတွက်လည်း Google ဟာ Mobile Carriers တွေနဲ့ပူးပေါင်းပြီး ပြုလုပ်ပေးနေတယ်လို့ သိရှိရပါတယ်။

                Google ဟာ သူတို့ရဲ့ကိုယ်ပိုင် Instant Messaging Service ဖြစ်တဲ့ Allo နဲ့ Video Calling Service ဖြစ်တဲ့ Duo ကို လူအများအသုံးပြုလာဖို့နဲ့ သတိထားမိဖို့အတွက် အတော်လေးကိုကြိုးစားနေတာကို တွေ့ရှိရပါတယ်။ မကြာသေးမီကလည်း Google ဟာ Allo အတွက် Web Version ကို iOS အတွက်အသုံးပြုလို့ရအောင်နဲ့ Browser Support အတွက် Google Chrome အပြင် FireFox နဲ့ Opera Browser တွေ မှာပါ သုံးလို့ရအောင် လုပ်ပေးခဲ့ပါသေးတယ်။

                အခု Video Call Feature ကို Pixel နဲ့ Android One စမတ်ဖုန်းတွေအတွက် အရေးတစိုက်ထည့်သွင်းပေးထားပြီး၊ ViLTE အသုံးမပြုနိုင်ရင်တောင် Google Duo ကိုအသုံးပြုပြီး Video Calling တွေ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် မဆိုးဘူးလို့တော့ ပြောလို့ရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Google Android Pixel Android One Google Duo Video Call ViLTE
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed