Allo For Web Support ကို iOS အတွက်စတင်ရရှိပြီး Firefox နဲ့ Opera Browser တွေမှာပါ အသုံးပြုနိုင်ပြီဖြစ်

date_range 04 October 2017

Allo For Web Support ကို iOS အတွက်စတင်ရရှိပြီး Firefox နဲ့ Opera Browser တွေမှာပါ အသုံးပြုနိုင်ပြီဖြစ်

visibility 160 Views

                Google ရဲ့ Smart Instant Messaging Platform တစ်ခုဖြစ်ပြီး၊ Google Assistant ပါ၀င်တဲ့ Allo ဟာ Android နဲ့ iOS အပြင် လွန်ခဲ့တဲ့လအနည်းငယ်က Web Browser တွေပေါ်မှာပါအသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ Google Allo ကို Web Browser မှာအသုံးပြုချင်တယ်ဆိုရင် (http://allo.google.com/web) ကနေ တစ်ဆင့်၀င်ရောက်ပြီး၊ ဖုန်းထဲက QR Scanner နဲ့ Browser က QR Code ကိုဖတ်လိုက်တာနဲ့ စတင်၀င်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းကတော့ Allo For Web ဟာ iOS App မှာ Support မရရှိခဲ့ဘဲ QR Code ဖတ်တာ မပါဝင်ခဲ့ပါဘူး။ Browser အနေနဲ့လည်း Google Chrome တစ်ခုတည်းမှာပဲ အသုံးပြုလို့ရခဲ့ပါတယ်။ အခုအချိန်မှာတော့ Google Allo နဲ့ Google Duo တို့ရဲ့ ဦးစီးမှုးဖြစ်တဲ့ Amit Fulay ရဲ့ Tweet တစ်ခုအရ Allo For Web ကို iOS မှာပါအသုံးပြုနိုင်ပြီး၊ Browser တွေအနေနဲ့ Firefox နဲ့ Opera အတွက် Support ပေးနိုင်ပြီဖြစ်ကြောင်းကိုသိရှိခဲ့ရပါတယ်။

                Google Allo မှာ Stickers တွေကိုလည်း Selfie ပုံကနေ ကိုယ်ပိုင် Stickers တွေပြုလုပ်နိုင်တဲ့ AI Tool လည်းပါ၀င်ပါသေးတယ်။ Google Allo ကိုစမ်းသပ်အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ Android အတွက် Google Play Store၊ iOS အတွက် App Store တို့မှာ အခမဲ့ Download ရယူနိုင်ပါတယ်။

References
Android Central
About Author
Assinged Tags
Google Android iOS Allo Google Allo Web Browser Allo Web Version Allo Web
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed