Windows Phone တွေ ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း Microsoft ဝန်ခံပြောကြား

date_range 11 October 2017

Windows Phone တွေ ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း Microsoft ဝန်ခံပြောကြား

visibility 1540 Views

                Microsoft ရဲ့ Operating System ပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Joe Belfiore က Microsoft ဟာ Windows 10 Mobile အတွက် Hardware အသစ်တွေနဲ့၊ Software ပိုင်းဆိုင်ရာ Feature အသစ်တွေကို ဆက်လက်ထုတ်လုပ်ပေးတော့မှာမဟုတ်ကြောင်း Twiiter ကနေ တဆင့် တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

                Windows Phone အသုံးပြုသူတွေအနေနဲ့ Microsoft ဘက်က ဒီပလက်ဖောင်းကို Feature အသစ်တွေ ထပ်ထုတ်ပေးနိုင်တယ်လို့ မျှော်လင့်နေခဲ့ကြပေမယ့်၊ ကုမ္ပဏီဘက်က အခုလို တရားဝင်ကြေငြာလိုက်ပြီဆိုတော့ သူတို့မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီလို့ ဆိုရမှာပါ။

                Microsoft အနေနဲ့ မိုဘိုင်းဖုန်းသုံး Windows 10 OS စနစ်ကို ချက်ချင်းကြီး အပြီးတိုင်ရပ်နားလိုက်တာမျိုးတော့ မဟုတ်ဘဲ၊ လက်ရှိသုံးနေသူတွေအတွက်တော့ Bug Fixes တွေနဲ့ Security Updates တွေကိုတော့ ဆက်လက်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီပလက်ဖောင်း (Windows 10 Mobile) ကို Support တော့ ဆက်ပေးသွားဦးမှာပါ။ Bug Fixes တွေ၊ Security Updates တွေ ဆက်ရနေဦးမှာပေါ့။ ဒါပေမယ့် Features အသစ်တွေ၊ Hardware အသစ်တွေ ဆက်ထုတ်ပေးဖို့တော့ အာရုံစိုက်တော့မှာ မဟုတ်ပါဘူး။” 

                လို့ Belfiore က ပြောကြားခဲ့ပါတယ်။

                Microsoft ဟာ Windows 10 Fall Creators Update ကို Development လုပ်နေစဉ်အတွင်းမှာလည်း၊ Mobile Experience ပိုင်းကို ဘာမှမလုပ်ခဲ့တာ သိသာခဲ့တာကြောင့်၊ ဒီသတင်းက သိပ်တော့ အံ့အားသင့်စရာမဟုတ်ပါဘူး။

                တကယ်တမ်းပြောရရင်တော့ Microsoft ရဲ့ Windows Phone တွေဟာ Android နဲ့ iOS ဖုန်းတွေကြားမှာ တိုက်ပွဲကျခဲ့တာ တော်တော်ကြာနေပါပြီ။ ကုမ္ပဏီဘက်က တရားဝင်မဝန်ခံခဲ့တာပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မေလတုန်းကလည်း Microsoft ဟာ Mobile ဌာနက ဝန်ထမ်းပေါင်း ၂၀၀၀ နီးပါးကို အလုပ်ရပ်ဆိုင်းခဲ့သေးတာကြောင့်၊ Microsoft က မဝန်ခံပေမယ့်၊ သူ့ Business က သေနေပြီဆိုတာ ငြင်းစရာမလိုပါဘူး။ Microsoft CEO ဖြစ်တဲ့ Bill Gates ကိုယ်တိုင်က လက်ရှိမှာ Windows Phone မကိုင်တော့ဘဲ၊ Android ဖုန်းပြောင်းကိုင်နေပြီလို့ မကြာခင်ကပဲ တရားဝင်ပြောခဲ့ပါသေးတယ်။

                Windows Phone တွေ ကျဆုံးခဲ့ရတဲ့အကြောင်းရင်းမှာ Developers တွေကလည်း ဒီပလက်ဖောင်းကို အားပေးလုပ်ဆောင်ခဲ့ခြင်း မရှိတာလည်း အပါအဝင်ပါ။ Apps ကောင်းကောင်းမရှိတဲ့ Windows Phone App Store မှာ Microsoft ဘက်ကနေကို ပိုက်ဆံပေးပြီး၊ ကုမ္ပဏီတွေအတွက် Apps ရေးပေးခဲ့တာတောင် သုံးတဲ့သူက အရမ်းနည်းနေတာကြောင့် Development ကုမ္ပဏီတွေကလည်း ဒီပလက်ဖောင်းမှာ ရင်းနှီးမြှပ်နှံဖို့ တွန့်ဆုတ်ခဲ့ကြတယ်လို့ Belfiore က ဆိုပါတယ်။

                Microsoft ဟာ အရင်က Windows OS သုံး Mobile ဖုန်းတွေအတွက် အနာဂတ်ရည်ရွယ်ချက်တွေ ကြီးကြီးထားခဲ့ပေမယ့်၊ အခုလို အကြောင်းကြောင်းကြောင့် ရှေ့မဆက်နိုင်တော့တာကတော့ စိတ်မကောင်းစရာပါ။

                ဒီပုံစံအတိုင်းဆိုရင်တော့ Microsoft ဟာ မိုဘိုင်းဘက်ကို ရှေ့လျောက် အာရုံစိုက်တော့မှာမဟုတ်ဘဲ၊ Cloud နည်းပညာပိုင်းနဲ့ တခြား Hardwares တွေကိုပဲ အလေးပေးလုပ်ဆောင်သွားဖို့ ရှိပါတယ်။ 

 

References
The Verge
About Author
Assinged Tags
Microsoft Smartphones Windows Mobile Windows Phone Windows 10 Mobile
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed