“လက်ရှိမှာ Android Phone ပဲ သုံးဖြစ်တယ်၊ iPhone ကိုတော့ No ပါ” ဆိုတဲ့ Bill Gates

date_range 27 September 2017

“လက်ရှိမှာ Android Phone ပဲ သုံးဖြစ်တယ်၊ iPhone ကိုတော့ No ပါ” ဆိုတဲ့ Bill Gates

visibility 36460 Views

                Microsoft အနေနဲ့ Windows Phone တွေထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့တာ အနည်းငယ်ကြာခဲ့ပြီ ဆိုပေမယ့် ကြားကာလထဲမှာ Co-Founder ဖြစ်သူ Bill Gates တစ်ယောက် ဘာဖုန်းအမျိုးအစားကို အသုံးပြုနေလည်းဆိုတာ လူတိုင်းနီးပါး သိချင်ခဲ့ပါတယ်။ အခုကတော့ “Bill Gates တစ်ယောက် လက်ရှိမှာတော့ Android Phone ကိုပဲ အသုံးပြုနေပါတယ်” လို့ အတိအကျ သိရှိရပါပြီ။

                Bill Gates ဟာ ဒီအကြောင်းကို Fox News ရဲ့ Sunday Interview မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ Steve Jobs အကြောင်းတွေ ပြောနေရင်းနဲ့ အစီအစဉ်တင်ဆက်သူက 

“ခင်ဗျားအနေနဲ့ အခုအသစ်ထွက်ရှိလာတဲ့ iPhone တွေကို ဘယ်လိုမြင်လဲ? လက်ရှိမှာ ခင်ဗျားအနေနဲ့ ဘယ်လို Phone အမျိုးအစားကို သုံးနေလဲ?”

လို့ မေးမြန်းခဲ့တဲ့အခါမှာတော့ Bill Gates က

“ကျွန်တော်ကတော့ Windows-Based PC တွေပဲ သုံးတယ်ဗျ။ အရင်ကတော့ Windows Phone ပဲ ကိုင်တယ်ဆိုပေမယ့် သိပ်မကြာခင်ကပဲ Microsoft Software တွေ အများကြီးပါတဲ့ Android Phone တစ်လုံးကို ပြောင်းသုံးဖြစ်တယ်ဗျ”

လို့ ဖြေကြားခဲ့ပါတယ်။

                ဆိုတော့ကား Bill Gates လက်ရှိသုံးနေတာဟာ Samsung Galaxy S8 လားလို့ ကောက်ချက်ချချင်စရာပါပဲ။ ဘာလို့လဲဆိုတော့ Microsoft အနေနဲ့ Microsoft Apps တွေဖြစ်တဲ့ Office, OneDrive, Cortana, Outlook စတာတွေ ပါဝင်တဲ့အပြင် Microsoft စိတ်ကြိုက် Customized လုပ်ထားတဲ့ Galaxy S8 ဖုန်းတွေကို ရောင်းချနေလို့ပဲ ဖြစ်ပါတယ်။ 

                Microsoft Apps တွေဟာ Android Phone တွေ အကုန်လုံးမှာ သုံးလို့ရပါတယ်။ Microsoft အနေနဲ့ အခုအချိန်မှာတော့ Samsung နဲ့ပဲ လက်တွဲထားသေးတယ် ဆိုပေမယ့် အနာဂါတ်မှာလည်း Android Phone တော်တော်များများကို Microsoft Customized Phone တွေ အနေနဲ့ ရောင်းချသွားဖို့ အစီအစဉ် ရှိနိုင်ပါတယ်။

                Steve Jobs နဲ့ ပက်သက်ပြီးတော့လည်း

“Steve က Pixer မှာရော Apple မှာပါ တော်တော်လေး ကြိုးစားခဲ့တယ်ဗျ။ သူနဲ့ ကျွန်တော်နဲ့ တူတာတွေလည်းရှိသလို မတူတာတွေရှိတယ်။ ပြောရရင် Steve က ဉာဏ်ကြီးရှင် တစ်ယောက်ပဲဗျ။ သူမရှိတဲ့ နောက်ပိုင်းမှာလည်း Apple အနေနဲ့ ကြိုးကြိုးစားစား လုပ်ကိုင်နေကြတာ ကောင်းပါတယ်။”

လို့ ပြောကြားခဲ့ပါတယ်။

                ဆက်လက်ပြီး အစီအစဉ်တင်ဆက်သူက

“ဒါဆိုရင် ခင်ဗျားက iPhone ဆိုရင် No ပေါ့” 

လို့ မေးမြန်တဲ့အခါမှာတော့ အိမ်မှာတောင် iPhone, iPad, iPad အသုံးပြုခွင့်ကို လူသိရှင်ကြား ပိတ်ပင်ထားတဲ့ Bill Gates က

“iPhone ဆိုရင် No ပါပဲဗျာ”

လို့ ဖြေကြားသွားခဲ့ပါတယ်။

Bill Gates talks about his relationship with Steve Jobs and his smartphone of choice. Full interview on Fox News at 10pm ET.

Posted by Fox News Sunday on Sunday, 24 September 2017
References
The Verge
About Author
Assinged Tags
Microsoft Android iPhone Steve Jobs Samsung Galaxy S8 Bill Gates
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed