“Google Clips” ဆိုတဲ့ AI Camera ဟာ “အပြစ်ကင်းစင်တဲ့ပုံမပေါက်ဘူး” လို့ ပြောလိုက်တဲ့ Elon Musk

date_range 10 October 2017

“Google Clips” ဆိုတဲ့ AI Camera ဟာ “အပြစ်ကင်းစင်တဲ့ပုံမပေါက်ဘူး” လို့ ပြောလိုက်တဲ့ Elon Musk

visibility 1300 Views

                Google အနေနဲ့ Pixel 2 နဲ့ Pixel 2 XL အပြင်၊ အခြား Product သစ်လေးတွေကိုပါ October 4 Event မှာ မိတ်ဆက်သွားခဲ့ပါတယ်။ Product သစ်လေးတွေထဲမှာ “Google Clips” ဆိုတဲ့ AI Camera လေးလည်း ပါဝင်ပါတယ်။ 

                Google အနေနဲ့ ဒီ Product သစ်လေးကို “မိဘတွေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးထားတဲ့သူတွေအတွက် Machine Learning နဲ့ AI နည်းပညာများကို အသုံးပြုပြီး ဘယ်အချိန်မှာတော့ ဓာတ်ပုံရိုက်ရတော့မယ် ဆိုတာကို အလိုအလျောက် သိရှိနိုင်မယ့် Product တစ်ခု” လို့ ပြောကြားမိတ်ဆက်ခဲ့ပါတယ်။


                Google Clips ဟာ Machine Learning ကို အသုံးပြုပြီး ကိုင်ဆောင်သူရဲ့ မိသားစု၊ သူငယ်ချင်းတွေအပြင်၊ အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကိုပါ မှတ်သားထားမှာပါ။ ဒီအချက်ဟာ Privacy အတွက်တော့ အရေးကြီးပါတယ်။ ဒါပေမယ့် Google အနေနဲ့ Machine Learning နဲ့ မှတ်သားထားတဲ့ Data တွေအားလုံးကို Google Clips ထဲမှာပဲ သိမ်းထားမှာဖြစ်တာကြောင့် Privacy အတွက်ကတော့ ပူစရာမလိုပါဘူးလို့ ပြောခဲ့ပါတယ်။

                သို့ပေမယ့် နဂိုကတည်းကမှ AI နည်းပညာအပေါ်ကို စိုးရိမ်စိတ်ကြီးနေပြီး "စည်းကမ်းသတ်မှတ်သင့်တယ်" လို့ ပြောကြားခဲ့တဲ့ Tesla နဲ့ SpaceX တို့ရဲ့ CEO ဖြစ်သူ Elon Musk ကြီးကတော့ Google Clips ကို “အပြစ်ကင်းစင်တဲ့ပုံမပေါက်ဘူး” လို့ ပြောကြားလိုက်ပါတယ်။

                Elon Musk အနေနဲ့ The Verge ကနေ Google Clips နဲ့ ပက်သက်ပြီး Twitter မှာ တင်ထားတဲ့ Tweet အောက်မှာ “This doesn’t even *seem* innocent” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Google ကတော့ Elon Musk ရဲ့ Tweet နဲ့ ပက်သက်ပြီး ပြန်လည်ချေပခဲ့ခြင်း မရှိခဲ့ပါဘူး။

                ဒီကိစ္စနဲ့ ပက်သက်ပြီး CNET ကနေ Google ကို မေးမြန်းခဲ့တဲ့အခါမှာတော့ Google က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက

                “Machine Learning က Google Clips ထဲမှာပဲ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Data တွေကို Google ကို ပြန်ပို့မှာ မဟုတ်တဲ့အတွက် Privacy အတွက်ကတော့ စိတ်ပူဖို့မလိုပါဘူး”

လို့ ဖြေကြားခဲ့ပါတယ်။

                “AI နည်းပညာကို တိုးတက်အောင် လုပ်တာတော့ မှန်ပါတယ်၊ သေသေချာချာ စည်းကမ်းသတ်မှတ်တာမျိုး မရှိဘူးဆိုရင်တော့ နတ်ဆိုးတစ်ကောင်ကို မွေးထုတ်နေသလိုပဲ”

လို့ ပြောကြားခဲ့တဲ့ Elon Musk ကတော့ Privacy အတွက် စိတ်ပူတာမှန်ပေမယ့် Google ကတော့ သူ့ကိုနည်းနည်းတော့ အမြင်ကတ်သွားမယ် ထင်ပါတယ်။

References
CNET Gadgets NDTV
About Author
Assinged Tags
Google Artificial Intelligence Machine Learning Elon Musk
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed