အရမ်းနောက်မကျခင်မှာ AI နည်းပညာကို စည်းကမ်းသတ်မှတ်သင့်ကြောင်း Elon Musk ပြောကြား

date_range 18 July 2017

အရမ်းနောက်မကျခင်မှာ AI နည်းပညာကို စည်းကမ်းသတ်မှတ်သင့်ကြောင်း Elon Musk ပြောကြား

visibility 680 Views

                လျှပ်စစ်စွမ်းအင်သုံးကားတွေကို ထုတ်လုပ်နေတဲ့ Telsa ကုမ္ပဏီနဲ့ အာကာသသယ်ယူပို့ဆောင်ရေးကုမ္ပဏီ SpaceX တို့ရဲ့  CEO အကြီးအကဲဖြစ်တဲ့ Elon Musk ဟာ သူကိုယ်တိုင်က သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ကျင်လည်နေသူဖြစ်ပေမယ့်၊ AI နည်းပညာအပေါ်တော့ တော်တော်စိုးရိမ်စိတ်ရှိသူဖြစ်ပါတယ်။

                အရင်တုန်းကလည်း AI နဲ့ Machine Learning နည်းပညာတွေအပေါ် စိုးရိမ်ထိတ်လန့်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသလို၊  AI ကို ဖော်ဆောင်နေတာဟာ “ နတ်ဆိုးတစ်ကောင်ကို မွေးထုတ်နေသလို” ပဲလို့ နှိုင်းယှဉ်ပြောကြားခဲ့ဖူးပါတယ်။

                ပြီးခဲ့တဲ့စနေနေ့တုန်းက ပြုလုပ်သွားခဲ့တဲ့ အမေရိကန်ပြည်နယ်အုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲမှာလည်း Elon Musk ဟာ AI နည်းပညာအပေါ် သူ့ရဲ့ သဘောထားတွေတွေကို ထပ်မံထုတ်ဖော်ပြောကြားခဲ့ပါပြီး၊ ဒီတစ်ခါတော့ အမေရိကန်အစိုးရအနေနဲ့ AI ကို အခုအချိန်ကတည်းကစပြီး၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကွပ်ကဲထိန်းချုပ်သင့်ကြောင်း တောင်းဆိုလိုက်ပါတယ်။

“ ကျနော်က တကယ့်အဆင့်မြင့် AI နည်းပညာနဲ့ ထိတွေ့ဆက်ဆံနေရတာပါ။ ဒီနည်းပညာအပေါ် လူသားတွေအနေနဲ့ သတိကြီးကြီးထားသင့်တယ်လို့ ထင်ပါတယ်။ ( Elon Musk ဟာ လူသားတွေအတွက် အန္တရာယ်မရှိနိုင်တဲ့ AI နည်းပညာကို ဖော်ဆောင်မယ့် OpenAI ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။)”
“ ကျနော် အမြဲ သတိပေးနေတာပါ။ တစ်ချိန်ရောက်လို့ စက်ရုပ်တွေ လမ်းပေါ်ထွက်လာပြီး၊ လူတွေကို သတ်ဖြတ်နေတာမြင်တဲ့အခါကျရင် လူသားတွေဘက်က ဘယ်လိုတုံ့ပြန်ရမှန်းတောင် သိမှာမဟုတ်ပါဘူး။”

                AI နည်းပညာအတွက် Musk ရဲ့ အဖြေကတော့ “စည်းကမ်းသတ်မှတ်ထိန်းချုပ်ခြင်း” "Regulation" ဖြစ်ပါတယ်။

“ ဖြစ်လာမှ စည်းကမ်းတွေထုတ်ပြီး ဖြေရှင်းတာထက်စာရင် မဖြစ်ခင်ကတည်းက စည်းကမ်းထိန်းချုပ်ပြီး ကြိုတင်ကာကွယ်ထားသင့်တဲ့ တစ်ချို့သောအကြောင်းအရာတွေမှာ AI လည်း ပါဝင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဖြစ်လာမှ AI Regulation လုပ်မယ်ဆိုရင် အရမ်းနောက်ကျသွားပြီလို့ ကျနော်ထင်ပါတယ်။”

                လို့ Elon Musk က ပြောကြားခဲ့ပါတယ်။

                အခုလောလောဆည်မှာလည်း အစိုးရအနေနဲ့ ဆိုးဆိုးရွားရွားတွေဖြစ်ပြီးတော့မှ စည်းကမ်းထုတ်ထိန်းချုပ်တာမျိုး လုပ်နေပြီး၊ ဒီလိုအပြုအမူမျိုးကို AI မှာ သွားလုပ်လို့မရကြောင်းနဲ့၊ AI နည်းပညာဟာ “ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ အဓိကအန္တရာယ်တစ်ခု” ဖြစ်ကြောင်း Musk က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

                Elon Musk ဟာ Regulation(စည်းကမ်းသတ်မှတ်ထိန်းချုပ်မှု) တွေကို လိုလားသူတစ်ယောက်မဟုတ်ဘဲ၊ သူ့ကုမ္ပဏီတွေဖြစ်တဲ့ Tesla ကော SpaceX ပါ Regulation တွေ ကြုံတွေ့နေရပေမယ့်၊ AI ကိုတော့ Regulation လုပ်ဖို့ တော်တော်လိုလားနေပုံ ပေါ်ပါတယ်။

                Musk ရဲ့ AI နည်းပညာအပေါ် အခုလိုပြောကြားမှုကို ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ချို့အနေနဲ့ အံ့အားသင့်ခဲ့ကြပြီး၊ Arizona Governor ဖြစ်သူ Doug Ducey က ဘယ်လို AI အန္တရာယ်မျိုးကို ရင်ဆိုင်နေရလဲဆိုတာ သေချာမသိသေးခင် ဒီ AI နည်းပညာအပေါ် စည်းကမ်းထုတ်၊ ကြပ်မတ်ဖို့ Musk ရဲ့ တောင်းဆိုချက်ကို မှင်တက်မိကြောင်း ပြောကြားခဲ့ပါတယ်။ 

References
Technology Review The Verge
About Author
Assinged Tags
Artificial Intelligence Machine Learning SpaceX Elon Musk Tesla AI Regulation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed