Google Pixel 2 ဖုန်းတွေမှာ ကားမောင်းနေတဲ့အချိန် Do Not Disturb Mode ကို အလိုအလျောက်ဖွင့်ပေးတဲ့ Feature ပါဝင်မည်

date_range 09 October 2017

Google Pixel 2 ဖုန်းတွေမှာ ကားမောင်းနေတဲ့အချိန် Do Not Disturb Mode ကို အလိုအလျောက်ဖွင့်ပေးတဲ့ Feature ပါဝင်မည်

visibility 460 Views

                Google ကနေ မကြာမီက မိတ်ဆက်သွားတဲ့ Pixel 2 ဖုန်း ဝယ်ယူသူတွေအနေနဲ့ မိတ်ဆက်ပွဲတုန်းက တစ်ခါထဲထည့်မပြောသွားတဲ့ Feature အသစ်တစ်ခုကိုပါ ရရှိအသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ ကားမောင်းနေတဲ့အချိန်မှာ Pixel 2 ဖုန်းတွေကို Do Not Disturb Mode ကို အလိုအလျောက်ပြောင်းလဲပေးတဲ့ Feature ဖြစ်ပါတယ်။ Pixel 2 ကော Pixel 2 XL မှာပါ ရရှိမှာပါ။


                တကယ်တမ်းတော့ ဒီ Feature ဟာ အသစ်အဆန်းတော့ မဟုတ်ပဲ Apple ကိုယ်တိုင်က တလောက ထွက်ရှိခဲ့တဲ့ iOS 11 မှာ စတင်ထည့်သွင်းထားပါတယ်။ iOS 11 ရဲ့ Do Not Disturb While Driving ဆိုတဲ့ Feature အလုပ်လုပ်ပုံကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။


                အဲ့ဒီအတွက်ကြောင့်ပဲ Google က Apple ကို ခိုးချသလိုဖြစ်မှာစိုးတဲ့အတွက် Launch Event တုန်းက မကြေငြာခဲ့တာလား မသိပေမယ့် Pixel 2 သုံးစွဲတဲ့သူတွေအတွက်ကတော့ အခုလိုမျိုး အသုံးဝင်တဲ့ Feature တစ်ခုကို သုံးစွဲနိုင်တာက မဆိုးဘူးလို့ ပြောရမှာပါ။ 

                တစ်ခုရှိတာက အခု Feature ကို Google Play Store မှာ Pixel Ambient Services ဆိုတဲ့ Application ကို Download ဆွဲပြီးမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ Google Play Store မှာတင်ထားတယ်ဆိုပေမယ့် အခြား Android ဖုန်းတွေမှာတော့ "Incompatible with this device" ဆိုပြီး အသုံးပြုလို့မရတာကို တွေ့ရပါတယ်။ 


                Android Police ကနေ ရရှိလာတဲ့ Screenshot အရတော့ အဆိုပါ Feature ဟာ On ထားတဲ့အချိန်မှာ Device ရဲ့ Motion နဲ့ Bluetooth ကို အသုံးပြုပြီး ကားပေါ်မှာသွားလာနေတဲ့အချိန်မှာ Do Not Disturb Mode ကို အလိုအလျောက်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple iOS 11 မှာ ပါလာတဲ့ Feature နဲ့ ထပ်တူနီးပါးတူညီတယ်လို့ ပြောလို့ရပါတယ်။ 

References
The Verge
About Author
Assinged Tags
Google Pixel 2 Do Not Disturb Do Not Disturb While Driving Pixel 2 XL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed