iOS 11 ရဲ့ Feature အသစ် Do Not Disturb While Driving ဘယ်လို အလုပ်လုပ်သလဲ?

date_range 06 July 2017

iOS 11 ရဲ့ Feature အသစ် Do Not Disturb While Driving ဘယ်လို အလုပ်လုပ်သလဲ?

visibility 720 Views

                iOS 11 မှာ အသစ်ပါဝင်လာတဲ့ Feature တွေထဲက Do Not Disturb While Driving ဆိုတဲ့ Feature ဟာဆိုရင်တော့ တကယ်ကိုထိရောက်မယ့် Safety Feature တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Feature က သင်ကားမောင်းနေတုန်း အနှောင့်အယှက် မဖြစ်စေဖို့အတွက် Incoming Call၊ Message နဲ့ အခြား Notification တွေကို အလိုအလျောက် Mute လုပ်ထားမှာ ဖြစ်ပါတယ်။

                ယခင် ပါဝင်ပြီးသားဖြစ်တဲ့ Do Not Disturb ရဲ့ Extension ဖြစ်တဲ့ Do Not Disturb While Driving ကတော့ သင်ကားမောင်းနေတုန်း Message ဝင်လာတဲ့အခါ ကားမောင်းနေတဲ့ အကြောင်းကို အလိုအလျောက် Reply ပြန်ပေးနိုင်ပါသေးတယ်။ ဘယ်သူတွေကို အလိုအလျောက် စာပြန်မလဲ ဆိုတာနဲ့ ကိုယ်အကြောင်းပြန်ချင်တဲ့ စာသားကိုလဲ ကြိုတင် သတ်မှတ်ထားနိုင်ပါတယ်။

                Do Not Disturb While Driving ကို နည်းလမ်း (၃) မျိုးနဲ့ Enable လုပ်နိုင်ပါတယ်။

အလိုအလျောက် Enable လုပ်ခြင်း

                ဒီနည်းလမ်းမှာဆိုရင်တော့ သင့်ရဲ့ iPhone က ကားတစ်စီးရဲ့ အရှိန်နဲ့ ရွေ့နေပြီဆိုရင် သင်ဟာ ကားမောင်းနေပြီလို့ iOS က ယူဆတဲ့အတွက် ဒီ Feature ကို အလိုအလျောက် ဖွင့်ပေးမှာပါ။ သင်ဟာ ကားမောင်းတဲ့သူ မဟုတ်ဘဲ ဘေးကလိုက်စီးတဲ့သူဖြစ်နေတယ် ဆိုရင်တော့ ဒီလို အလိုအလျောက် Do Not Disturb Mode ထဲဝင်သွားတာက စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ဒါပေမယ့် ဒီလို Do Not Disturb Mode ထဲ ဝင်သွားပြီဆိုတဲ့ Notification ကနေ တစ်ဆင့်ပဲ ဒီ Feature ကို အလွယ်တကူ ပြန်ပိတ်ထားနိုင်ပါတယ်။

သင့်ကားရဲ့ Bluetooth System နဲ့ ချိတ်ဆက်စဉ်မှာ Enable လုပ်ခြင်း

                ကားမောင်းသူအချို့က ကားထဲမှာ သီချင်းဖွင့်ဖို့ အတွက်ပဲဖြစ်ဖြစ် ကားမထွက်ခင်မှာ မိမိရဲ့ ဖုန်းကို ကားရဲ့ Bluetooth ချိတ်ဆက်ထားတတ်ကြပါတယ်။ အဲ့ဒီ့လို ချိတ်ဆက်လိုက်တဲ့အခါမှာ Do Not Disturb While Driving ကို Enable လုပ်ပေးမှာ ဖြစ်ပါတယ်။

Control Center မှတဆင့် Enable ပြုလုပ်ခြင်း


                Do Not Disturb While Driving ကို ယခင် Do Not Disturb Mode လိုပဲ Control Center ကနေလည်း Enable/Disable ပြုလုပ်နိုင်ပါသေးတယ်။


                Do Not Disturb While Driving ဖြစ်နေတဲ့အချိန်မှာ Incoming Call နဲ့ အခြား Notification တွေအားလုံးကို Mute ထားမှာ ဖြစ်ပြီး သင့်ဖုန်းရဲ့ Screen ကလဲ ပိတ်နေမှာဖြစ်ပါတယ်။ အဲ့ဒီ့လို ပိတ်ထားလို့ မဲနက်နေတဲ့ ဖုန်းမျက်နှာပြင်ဟာ အသုံးပြုသူတွေရဲ့ Safety အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ User Interface တစ်ခု ဖြစ်တယ် လို့ Apple ရဲ့ Senior Vice President of Software Engineering ဖြစ်တဲ့ Craig Federighi က WWDC 17 Keynote မှာ အရွှန်းဖောက်ခဲ့ပါသေးတယ်။

“သင့်မျက်လုံးတွေဟာ လမ်းမပေါ်ကိုပဲ အာရုံစိုက်ထားရမှာပါ၊ သင်ကားမောင်းနေတုန်းမှာ ဒီလို Message တွေကို အကြောင်းပြန်နေဖို့ မလိုအပ်ပါဘူး.. ဒါဟာ ယာဉ်အန္တရာယ်ကင်းရှင်းမှု အတွက် အရမ်းအရေးကြီးတဲ့ ခြေလှမ်း တစ်ခုပါပဲ”

                လို့ Craig Federighi က ဆိုခဲ့ပါတယ်။

                ကားမောင်းရင်း ဖုန်းအသုံးပြုတာ၊ Message ပို့တာတွေကြောင့် ဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေဟာ မြင့်တက်လာနေပြီး အသက်အန္တရာယ် ထိခိုက်မှုတွေလဲ ရှိနေတာကြောင့် အခုလို Apple က အသစ်မိတ်ဆက်လိုက်တဲ့ Do Not Disturb While Driving ကတော့ လူအများရဲ့ အားပေးထောက်ခံမှုကို ရရှိနေပါတယ်။

                Do Not Disturb While Driving ကို ရှင်းပြထားတဲ့ MacRumors ရဲ့ Hands-on Video လေးကိုလည်း ကြည့်ရှုနိုင်ပါတယ်။


References
Mac Rumors USA Today
About Author
Assinged Tags
Features iOS WWDC 2017 iOS 11 Do Not Disturb Do Not Disturb While Driving
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed