Selfie ပုံကနေ ကိုယ်ပိုင် Stickers တွေ ဖန်တီးပေးမယ့် Google ရဲ့ AI Tool အသစ်

date_range 13 May 2017

Selfie ပုံကနေ ကိုယ်ပိုင် Stickers တွေ ဖန်တီးပေးမယ့် Google ရဲ့ AI Tool အသစ်

visibility 500 Views

                Google က ထုတ်ထားတဲ့ “Allo” Messaging App မှာ လူတိုင်းသဘောကျလောက်မယ့် Feature အသစ်တစ်ခု ပါဝင်လာပါပြီ။

                Bitmoji ကနေ အစပြုခဲ့တဲ့ ကိုယ်ပိုင်ကာတွန်းပုံလေးတွေကို အခုအခါ Google Allo App မှာလည်း ဖန်တီးလာနိုင်ပြီဖြစ်ပြီး၊ ကိုယ့် Selfie ပုံတစ်ပုံရိုက်ပေးလိုက်ရုံနဲ့ ကိုယ်ပိုင် Emoji ပုံလေးတွေကို App က အလိုအလျောက်လုပ်ပေးမှာပါ။ Emoji လို့ Google က ပြောထားပေမယ့် တကယ်တမ်းက Stickes ပုံတွေလို့ ပြောနိုင်ပါတယ်။

                Google ဟာ Allo ကို ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Messaging Apps စျေးကွက်ထဲကို ၂၀၁၆ ခုနှစ်ကမှ စတင်မိတ်ဆက်ခဲ့တာဖြစ်ပေမယ့်၊ Feature အသစ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ထုတ်ပေးခဲ့ပြီး၊ လူသုံးစွဲမှုများလာအောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။ အခုအသစ်မိတ်ဆက်လိုက်တဲ့ Selfie to Emoji Feature ကကော User ဘယ်လောက်များလာအောင် ဆွဲဆောင်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

                Selfie ကနေ Emoji (Stickers) ပြောင်းလဲပေးမယ့် Feature ကို အသုံးပြုချင်တယ်ဆိုရင် အရင်ဆုံး Allo App ကို Download ဒါမှမဟုတ် Update လုပ်ပေးပါ။

  • ပြီးရင် Chat Box က Emoji ပုံလေးကို ထပ်နှိပ်လိုက်ပါ။
  • ဘေးကို တစ်ချက်ဆွဲပြီး၊ Stickers ပုံဘေးက အစက်သုံးစက် (Options) ကို နှိပ်လိုက်ပါ။


  • ပြီးရင် ညာဘက်ဘေးနားက + (Plus Sign) နဲ့ စတစ်ကာပုံကို နှိပ်လိုက်ပါ။
  • Sticker List ကျလာပြီဆိုရင် အပေါ်ဆုံးမှာ “Turn a selfie into stickers” ဆိုတာ တွေ့ရပါလိမ့်မယ်။ ဘေးက ကင်မရာပုံလေးကို နှိပ်လိုက်ပါ။

  • Create ကို နှိပ်ပေးလိုက်ပါ။
  • ဒီအဆင့်မှာတော့ ကင်မရာပေါ်လာမှာဖြစ်ပြီး၊ ကိုယ့်မျက်နှာကို မျက်မှန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ရိုက်ပေးလိုက်ရုံနဲ့ Allo App ကနေ ကိုယ့်ရုပ်နဲ့ Stickers ပုံတွေ အလိုအလျောက်ဖန်တီးပေးမှာဖြစ်ပါတယ်။
  • အလင်းရောင်ကောင်းကောင်းနေရာမှာ Selfie ရိုက်မယ်ဆိုရင် Stickers ပုံတွေမှာ ကိုယ့်ဆံပင်ပုံစံကအစ ကွက်တိဖြစ်နေတာကို တွေ့ရမှာပါ။
  • ကိုယ်ပိုင် Stickers တွေ ရလာပြီဆိုရင် Customize Button နဲ့ ပုံတွေကို စိတ်ကြိုက်ပြန်ပြင်လို့ရသလို၊ Redo ခလုတ်ကနေလည်း မကြိုက်ရင် ပုံပြန်ရိုက်လို့ရပါတယ်။ ကြိုက်ရင်တော့ Save လုပ်လိုက်ပေါ့။


  • အခုဆိုရင် Allo မှာ ကိုယ့်ရုပ်နဲ့ Stickers တွေကို စသုံးနိုင်ပြီဖြစ်ပြီး၊ Stickers စုစုပေါင်း ၂၄ ခုတိတိ ရရှိမှာပါ။


                Allo က ကိုယ်ပိုင် Stickers ပုံတွေကို Allo မှာပဲ သုံးနိုင်မှာဖြစ်ပြီး၊ တခြား App တွေမှာတော့ သုံးလို့ရမှာမဟုတ်ပါဘူး။

References
Fast Code Design
About Author
Assinged Tags
Google Artificial Intelligence Machine Learning Allo Messaging App Selfies Emoji Stickers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed