Google Allo Chat Messaging ကို Web Browser မှာ စတင်အသုံးပြုနိုင်ပြီ

date_range 17 August 2017

Google Allo Chat Messaging ကို Web Browser မှာ စတင်အသုံးပြုနိုင်ပြီ

visibility 200 Views

                Google ကနေ Android နဲ့ iOS Mobile Devices တွေအတွက် ထုတ်လုပ်ထားတဲ့ Google Assistant Built-In ပါဝင်တဲ့ Google Allo Chat Messaging App ကို အခုအချိန်မှာတော့ ကိုယ့်ကွန်ပျူတာက Web Browser ကနေတစ်ဆင့် အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ ဒီလိုရရှိမယ်ဆိုတဲ့အကြောင်းကိုလည်း လွန်ခဲ့တဲ့လက သတင်းတစ်ခုအရ သိရှိခဲ့ရပြီးဖြစ်ပါတယ်။ 


                Google Allo ကို Web Browser ကနေ အသုံးပြုချင်တယ်ဆိုရင် (https://allo.google.com/web) ကနေ တစ်ဆင့်အသုံးပြုရမှာဖြစ်ပြီး၊ အရင်ဆုံးဖုန်းထဲမှာရှိတဲ့ Allo Application ရဲ့ QR Code Scanner ကနေ တစ်ဆင့် Browser မှာပေါ်လာတဲ့ QR Code ကို Scan ဖိတ်လိုက်ရုံနဲ့ အသုံးပြုနိုင်မှာပါ။ အခုလို အသုံးပြုဖို့အတွက်ကတော့ လောလောဆယ်မှာ Android Devices တွေမှာပဲ ရရှိနေသေးတာဖြစ်ပြီး Apple iOS Devices တွေကတော့ အနည်းငယ်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ 

                Google Allo ဟာ Google Assistant ပါဝင်တဲ့ Smart Messaging App တစ်ခုဖြစ်ပြီး Gmail နဲ့ ဖုန်းနံပါတ်ရှိရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Allo မှာ Sticker တွေစုံလင်စွာပါဝင်သလို Google Gmail App မှာလိုပဲ Reply ပြန်မယ့်စကားလုံးတွေကို Auto-Suggest လုပ်ပေးနိုင်မယ့် Smart Reply Feature လည်းပါ၀င်ပါတယ်။ 

                Google Allo Chat ရဲ့အားသာချက်ကတော့ Google Assistant ကို သိလိုသမျှမေးမြန်းခိုင်းစေလို့ရတာပဲဖြစ်ပါတယ်။ လူသိမခံချင်တဲ့ Conversations တွေအတွက် Incognito Mode လည်း ထည့်သွင်းပေးထားတဲ့အတွက် Google Allo ဟာ စမ်းသပ်သုံးစွဲသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Google Allo Chat Apps Web Apps Messenger Google Allo Chat Client Allo Web Version Allo Web
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed