Google Assistant ပါ၀င်တဲ့ Headphone တွေမှာ Assistant ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို Google ရှင်းပြ

date_range 02 October 2017

Google Assistant ပါ၀င်တဲ့ Headphone တွေမှာ Assistant ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို Google ရှင်းပြ

visibility 520 Views

                Google ရဲ့ ကိုယ်ပိုင် AI နည်းပညာသုံး Digital Assistant ဖြစ်တဲ့ Google Assistant ကို Headphone တွေမှာပါ စတင်ထည့်သွင်းပေးလာခဲ့တာကို Bose ရဲ့ Quiet Comfort 35 II မှာ ပထမဆုံး တွေ့မြင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။ တကယ်လို့သာ သင်ဟာ Headphone တွေပေါ်မှာ Google Assistant ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ Google ကနေ တိုတိုနဲ့လိုရင်းရောက်အောင် ပြသပေးထားတဲ့ Video လေးတွေကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။


                အပေါ်က Video ကတော့ Google Assistant ကို Headphone တွေမှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်းသဘောအနေနဲ့ မိတ်ဆက်ပြသထားတာဖြစ်ပါတယ်။ Notifications တွေကို Google Assistant အသုံးပြုပြီး ဘယ်လိုရယူနိုင်တယ်ဆိုတာနဲ့ Google Assistant ကို Headphone တွေပေါ်မှာဘယ်လိုအသုံးပြုရမလဲဆိုတာကိုတော့ အောက်က Video နှစ်ခုမှာ အသေးစိတ်ဆက်လက်ကြည့်ရှုနိုင်ပါတယ်။


                Google Assistant ကို Android Smartphones, Allo App, Google Home, Android Wear 2.0, Android TV နဲ့  Android Auto တို့မှာအသုံးပြုနိုင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ သြဂုတ်လက Google App ထဲက Code Line တွေကတဆင့် Headphones တွေမှာ Google Assistant ထည့်သွင်းပေးမယ်ဆိုတဲ့အကြောင်းကို သိရှိခဲ့ရတာဖြစ်ပါတယ်။ Bose ရဲ့ Quiet Comfort 35 II ကတော့ Google Assistant ထည့်သွင်းပေးထားတဲ့ ပထမဦးဆုံး Headphone ဖြစ်ခဲ့ပါတယ်။ 

                Google ဟာ Headphone တွေထဲအထိ Google Assistant ကိုထည့်သွင်းပေးထားပေမယ့်လည်း ပြသထားတဲ့ Video တွေအရတော့ အရမ်းကြီးထူးခြားပြီး အသုံး၀င်တဲ့ Feature တစ်ခုတော့မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ နောက်ထပ်ကော Google ကနေ Google Assistant ကို ဘယ်လိုမျိုး Device တွေမှာထည့်သွင်းပေးထားပြီး၊ လူနေမှုဘ၀ကို ဘယ်လိုအထောက်အကူပြုပေးနိုင်အောင် ကြိုးစားသွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
Android Police
About Author
Assinged Tags
Google Google Assistant Google Assistant Headphone Bose Quiet Comfort 35 II Bose Headphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed