Google Assistant ပါဝင်တဲ့ ပထမဆုံး Headphone ဖြစ်လာတဲ့ Bose QuietComfort 35 II

date_range 23 September 2017

Google Assistant ပါဝင်တဲ့ ပထမဆုံး Headphone ဖြစ်လာတဲ့ Bose QuietComfort 35 II

visibility 180 Views

                Google ကနေ Google Assistant ပါဝင်တဲ့ Headphones တစ်ခုကို ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့ပြီး၊ တလောကတင် Bose နဲ့အတူတွဲပြီး Headphone တစ်ခု ပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေ  ထွက်ပေါ်နေခဲ့ပါတယ်။

                အခုအချိန်မှာတော့ Google နဲ့ Bose တို့ ပူးပေါင်းကာ QuietComfort 35 II Headphones ကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီး၊ အဆိုပါ သတင်းတွေ မှန်ကန်ကြောင်းကို အတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။ 

                Google နဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ Bose QC 35 II Headphones မှာ သီးခြားခလုတ်တစ်ခုနဲ့ အသုံးပြုနိုင်မယ့် Google Assistant ပါဝင်မှာပါ။ Google Assistant ကို အဆိုပါ Headphones မှာ အသုံးပြုနိုင်ဖို့အတွက် Android Version 6.0 နဲ့အထက် ဒါမှမဟုတ် Google Assistant ထည့်သွင်းထားတဲ့ iDevices ကို Bluetooth နဲ့ အရင်ချိတ်ဆက်ပြီး Google Assistant က လုပ်ဆောင်ခိုင်းတဲ့အချက်အချို့ကို ပြုလုပ်ပြီးတာနဲ့ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

 

                Google Assistant ပါဝင်တယ်ဆိုပေမယ့် ယခု Bose QC 35 II Headphones ဟာ အမြဲတမ်းဖုန်းနဲ့ ချိတ်ဆက်ထားဖို့လိုအပ်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ရှာလိုက်တဲ့ သတင်းအချက်အလက်တွေအကုန်လုံးကို ဖုန်းရဲ့ Network ကိုပဲ ရယူပြီး ဆောင်ရွက်တဲ့အတွက်ဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Bose QC 35 II Headphone ကနေ ပုံမှန်ဖုန်းမှာတိုက်ရိုက် Google Assistant ကို ခိုင်းစေနိုင်သလောက်နီးပါး ပြုလုပ်နိုင်မယ်လို့ သိရှိရပါတယ်။ 

                Bose ကတော့ အဆိုပါ Google Assistant ကို ခေါ်ဆိုနိုင်တဲ့ ခလုတ်ကို Noise Cancellation Setting ကို High, Low နဲ့ Off ဆိုပြီး ရွေးချယ်နိုင်အောင်လည်း Bose Connect Application ကနေတစ်ဆင့် ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

                Bose QC 35 II Headphones တွေကို $349.95 နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ ပထမဆုံးသော Google Assistant ပါဝင်တဲ့ Headphones တစ်ခုဖြစ်သွားပြီပဲ ဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Google Google Assistant Google Assistant Headphone Bose Quiet Comfort 35 II Bose Headphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed