iPhone X မှာ RAM 3 GB နဲ့ 2,716mAh Battery ပါရှိမည်

date_range 27 September 2017

iPhone X မှာ RAM 3 GB နဲ့ 2,716mAh Battery ပါရှိမည်

visibility 1360 Views

                iPhone X ဟာ ဝယ်ယူသူတွေ၊ Review လုပ်မယ့် Media တွေ၊ Teardown လုပ်မယ့်သူတွေလက်ထဲ မရောက်သေးဘူးဆိုတော့ RAM ဘယ်လောက်ပါတယ်၊ Battery ပမာဏ ဘယ်လောက်ရှိမလဲဆိုတာ တိတိကျကျ မသိရသေးဘူးဆိုပေမယ့် တရုတ်နိုင်ငံရဲ့ Telecommunication Authority (US မှာဆိုရင်တော့ FCC ပေါ့) ဖြစ်တဲ့ Tenna ကနေ iPhone X မှာ RAM 3 GB (Android Flagship တွေနဲ့ ယှဉ်ရင်တော့ ရယ်စရာကြီးပေါ့) နဲ့ 2,716mAh Battery ပါရှိတယ်လို့ သတင်းပေါက်ကြားခဲ့ပါတယ်။

                ပေါက်ကြားခဲ့တဲ့သတင်းကိုတော့ Steve Hemmerstoffer ဆိုသူက တွေ့ရှိခဲ့ပြီး Twitter မှာ Tweet လုပ်ထားခဲ့ပါတယ်။ iPhone 8 နဲ့ 8 Plus မှာလည်း RAM ပမာဏက အတူတူပါပဲ။ အခုလတ်တစ်လော Benchmark တွေအရ iPhone 8 နဲ့ 8 Plus က တော်တော်ကြီး ကောင်းနေတာကြောင့် RAM ပမာဏ တူပေမယ့်လည်း iPhone X ကတော့ ပိုပြီးမြန်ဆန်မယ်လို့တော့ ထင်ရပါတယ်။

                စိတ်ဝင်စရာကောင်းတဲ့ တစ်ချက်ကတော့ Battery ပမာဏပါ။ 2,691mAh Battery ပါဝင်တဲ့ iPhone 8 Plus ထက်တော့ Battery ပမာဏက ပိုများတယ်ဆိုပေမယ့် 2,900mAh ပါဝင်တဲ့ iPhone 7 Plus ထက်တော့ နည်းပါတယ်။ Apple ကတော့ “iPhone X က iPhone 7 ထက် Battery ၂ နာရီ ပိုခံမယ်” လို့ ဆိုထားပေမယ့် တကယ်သုံးကြည့်တဲ့ အခါမှပဲ တိတိကျကျ သိရမှာပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Battery iPhone 8 related news iPhone X iPhone 8 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed