Galaxy S8 နဲ့ S8+ မှာ အသုံးပြုထားတဲ့ Battery တွေဟာ Battery သက်တမ်းပိုမိုကြာရှည်ခံကြောင်း တွေ့ရှိ

date_range 01 April 2017

Galaxy S8 နဲ့ S8+ မှာ အသုံးပြုထားတဲ့ Battery တွေဟာ Battery သက်တမ်းပိုမိုကြာရှည်ခံကြောင်း တွေ့ရှိ

visibility 1500 Views

                နည်းပညာခေတ်ကြီးထဲမှာ Smartphone တစ်လုံးကလည်း အရေးကြီးသလို Smartphone ကို လျှပ်စစ်ဓာတ်အားပေးမယ့် Battery ကလည်း အရေးကြီးပါတယ်။ Battery အားဘယ်လောက်ခံလည်း ဆိုတာထက်၊ Battery သက်တမ်းဘယ်လောက်ခံမလည်း ဆိုတာကပိုအရေးကြီးပါတယ်။

                Note 7 တုန်းက ကြုံတွေ့ခဲ့ရတဲ့ Battery ပြဿနာတွေဟာ အခု S8 နဲ့ S8+ ကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။ Battery မှာ ပြဿနာတွေ ထပ်ရှိနေရင် ဘယ်လိုလုပ်မလဲပေါ့။ ဒီတော့ စမ်းသပ်သူများကလည်း စမ်းသပ်ကြည့်ကြတယ်ပေါ့။ ဘာကို စမ်းသပ်တာလည်းဆိုတော့ Battery က လုံခြုံမှုရှိရဲ့လား၊ သက်တမ်းဘယ်လောက်ခံလည်း၊​ စသည်ဖြင့် စမ်းသပ်ကြပါတယ်။ 

                စမ်းသပ်တဲ့နေရာမှာလည်း အရင်ထွက်ရှိခဲ့ပြီးဖြစ်တဲ့ S7 နဲ့ S7 Edge မှာ အသုံးပြုထားတဲ့ Battery တွေနဲ့ ယခု S8 နဲ့ S8+ မှာ အသုံးပြုထားတဲ့ Battery တွေကို နှိုင်းယှဉ်ပြီး စမ်းသပ်တာပါ။ စမ်းသပ်မယ့်ဖုန်းတွေကို အားသွင်း၊ အားကုန်အောင်သုံး၊ ပြီးရင် အားပြန်သွင်း၊ ဒီလိုနည်းနဲ့ စမ်းသပ်ခဲ့ပါတယ်။

                နောက်ဆုံးရလဒ်မှာတော့ S8 နဲ့ S8+ မှာ အသုံးပြုထားတဲ့ Battery တွေက အနိုင်ရရှိသွားပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိ စမ်းသပ်မှုတွေလုပ်ပြီးတဲ့အခါမှာ S7 နဲ့ S7 Edge မှာ အသုံးပြုထားတဲ့ Battery တွေဟာ သက်တမ်းကျလွယ်တာကို တွေ့ရှိခဲ့ပြီး ၈၀% လောက်ထိ ကျဆင်းသွားပါတယ်။ S8 နဲ့ S8+ မှာ အသုံးပြုထားတဲ့ Battery တွေဟာ သက်တမ်းကို ၉၅% အထိ ထိန်းထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

                ယခုလိုမျိုး Battery သက်တမ်းကို ထိန်းထားနိုင်တဲ့ နည်းပညာကို ဘယ်လိုနည်းပညာများ အသုံးပြုထားလဲလို့ Samsung ကို မေးမြန်းရာမှာတော့ ဖြေကြားသွားခြင်းမရှိပါဘူး။ Note 7 ရဲ့ Battery ချို့ယွင်းမှုလိုမျိုး ထပ်မံမဖြစ်ရအောင် Samsung က ထုတ်လုပ်ပြီးသမျှ Battery တွေကို အဆင့် ၈ ဆင့်နဲ့ စစ်ဆေးပြီးမှ ဖုန်းတွေမှာတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

References
Gadgets 360
About Author
Assinged Tags
Samsung Samsung Galaxy Samsung Galaxy S8 Battery Lithium-Ion Battery Galaxy Note 7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed