ထုတ်လုပ်မှုပိုင်းမှာ နှောင့်နှေးနေတဲ့ iPhone X

date_range 21 September 2017

ထုတ်လုပ်မှုပိုင်းမှာ နှောင့်နှေးနေတဲ့ iPhone X

visibility 2440 Views

                Apple ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ iPhone 8, 8 Plus နဲ့ iPhone X တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ လူအများစုဟာ iPhone 8 နဲ့ 8 Plus ထက်၊ Touch ID အစား Face ID ပြောင်းလဲအသုံးပြုထားပြီး ဒီဇိုင်းပုံစံအသစ်နဲ့ထွက်ရှိလာမယ့် iPhone X အပေါ်ပဲ စိတ်၀င်စားမှုများပြားနေပါတယ်။

                Apple အနေနဲ့ iPhone X ကို iPhone 8/ 8 Plus နဲ့အတူ မိတ်ဆက်ခဲ့ပေမယ့်လည်း တစ်ရက်တည်းတော့ ရောင်းချမပေးနိုင်ခဲ့ပါဘူး။ ဆက်လက်ပြီးတော့လည်း စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိရရှိထားတဲ့ သတင်းတွေအရ iPhone X ဟာ ထုတ်လုပ်ပိုင်းမှာ ထပ်ပြီး နှောင့်နှေးလာဖို့ ရှိတယ်ဆိုတာပါပဲ။ Apple အနေနဲ့ iPhone X အတွက် Pre-Order တွေကို အောက်တိုဘာလ ၂၇ ရက်မှာ စတင်ပြုလုပ်နိုင်ပြီး၊ နို၀င်ဘာလ ၃ ရက်နေ့လောက်မှာ စ တင်ရောင်းချပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

                ဒါပေမယ့်လည်း ရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်တဲ့ Raymond James က Baron’s Asia ကို ပြောထားတာကတော့ Apple ဟာ iPhone X ထုတ်လုပ်မှုပိုင်းမှာ သိသိသာသာကို ကြန့်ကြာသွားနိုင်တယ်လို့ သိရှိရပါတယ်။ 

                ဒါ့အပြင် Analysts တစ်ယောက်ဖြစ်တဲ့ Chirstopher Chase ရဲ့ပြောကြားချက်အရ Apple ဟာ iPhone X ရဲ့ Pre-Orders တွေအတွက်လည်း ထုတ်လုပ်မှုကို မပြင်ဆင်ရသေးပါဘူးလို့ သိရှိရပါတယ်။ ဒါ့အပြင် အာရှမှာရှိတဲ့ Apple ရဲ့ Supply Chain ကုမ္ပဏီတွေကို Chase ကနေ သွားရောက်မေးမြန်းစုံစမ်းကြည့်တဲ့အခါမှာလည်း iPhone X အတွက် အပြီးသတ်ထုတ်လုပ်မှုကို Apple ကနေ မစတင်ရသေးဘူးလို့ သိရှိရပါတယ်။

                ဒါကြောင့်မို့လို့ Apple ဟာ အခုချိန်မှာ ၀ယ်လိုအားအရမ်းများနေတဲ့ iPhone X ကို ယခုနှစ်ကုန်အထိ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမှာမဟုတ်ဘဲ၊ ၂၀၁၈ နှစ်ဦးပိုင်းလောက်မှာမှသာ iPhone X အသုံးပြုချင်သူတိုင်းရဲ့ လက်ထဲကို အရောက်ပို့ပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

References
9To5 Mac Gadgets 360
About Author
Assinged Tags
iPhone 8 related news Delayed Delay Apple iPhone X iPhone 8 Plus Production
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed