iPhone 8 နဲ့ 8 Plus မှာ iPhone 7 နဲ့ 7 Plus ထက် ဘက်ထရီပိုနည်းသွားပေမယ့် ဘက်ထရီသက်တမ်း တူညီမည်

date_range 16 September 2017

iPhone 8 နဲ့ 8 Plus မှာ iPhone 7 နဲ့ 7 Plus ထက် ဘက်ထရီပိုနည်းသွားပေမယ့် ဘက်ထရီသက်တမ်း တူညီမည်

visibility 800 Views

                Apple ကနေ သူရဲ့ iPhone တွေကို ကြေငြာတဲ့အချိန်မှာ ပါဝင်တဲ့ User Experience နဲ့ Features တွေကိုပဲ ပြောလေ့ရှိပြီး၊ Android ဖုန်းတွေကြေငြာသလိုမျိုး CPU Speed ဘယ်လောက်၊ Battery ပမာဏ ဘယ်လောက်ဆိုပြီး ကြေငြာလေ့မရှိပါဘူး။

                ဒါပေမယ့် တရုတ်နိုင်ငံ တယ်လီကွန်းနဲ့ အီလက်ထရောနစ်ပစ္စည်း မှတ်ပုံတင်ရုံးဖြစ်တဲ့ TENAA ရဲ့ Website ကတော့ Apple iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ Battery ပမာဏကို သိရှိခဲ့ပြီး၊ iPhone 8 တွေရဲ့ Battery က ယခင် iPhone 7 တွေထက် ပိုမများလာတဲ့အပြင် ၈ ရာခိုင်နှုန်းပိုမို လျော့နည်းသွားကြောင်း ဖော်ပြထားပါတယ်။


                iPhone 7 မှာ ယခင်က 1,960 mAh Battery ပါဝင်ခဲ့ပေမယ့် ယခု iPhone 8 မှာတော့ 1,821 mAh Battery ပဲ ပါဝင်တော့တာဖြစ်ပြီး၊ ယခင် iPhone 7 Plus မှာ 2,900 mAh Battery ပါဝင်ပြီး ယခု iPhone 8 Plus မှာတော့ 2,675 mAh ပဲပါဝင်တော့တာဖြစ်ပါတယ်။

                ဒါပေမယ့် Apple ကတော့ iPhone 8 နဲ့ 8 Plus ဟာ အရင် iPhone 7 နဲ့ 7 Plus နဲ့ ဘက်ထရီသက်တမ်းတူတူပဲလို့ ပြောသွားခဲ့ပါတယ်။ ဒါဟာ လက်ရှိ iPhone 8 မှာ အသုံးပြုထားတဲ့ Apple ရဲ့ 10nm Architecture သုံး A11 Bionic Chip ပါဝင်တဲ့အတွက်ကြောင့် ပိုပြီး Battery သုံးစွဲမှုနည်းပါးသွားတာ ဖြစ်နိုင်ပါတယ်။ TENAA ရဲ့ List အရ iPhone 8 မှာလည်း iPhone 7 လိုပဲ RAM 2GB, 8 Plus ကလည်း 7 Plus နဲ့ တူညီတဲ့ RAM 3GB ပါဝင်တဲ့အတွက် Processor ကြောင့်ပဲ ပို Battery စားသက်သာသွားတာကြောင့်လည်း Battery ပမာဏကို လျော့ချလိုက်တယ်လို့ပဲ ယူဆရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း iPhone 8 တွေက Battery ပမာဏနည်းသွားပေမယ့်၊ iPhone 7 တွေထက် 0.2 mm ပိုထူသွားပြီး အလေးချိန်ကလည်း 10g နဲ့ 20g အထိ ပိုလေးနေပါတယ်။

                အလေးချိန်ပိုလာရတာနဲ့ Battery ပမာဏနည်းရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက Wireless Charging အတွက်နေရာပေးလိုက်ရတာကြောင့်ဖြစ်နိုင်ပြီး Apple iPhone 8 တွေမှာ နာရီဝက်အတွင်း Battery 50% ပြည့်နိုင်တဲ့ Fast Charging စနစ်လည်း ပါလာတယ်ဆိုတော့ နေ့တိုင်း အေးဆေးသုံးနိုင်မယ်လို့ ယူဆရပါတယ်။

                iPhone 8 နဲ့ 8 Plus အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းက Pre-Order လက်ခံနေပြီဖြစ်ပြီး၊ စက်တင်ဘာ ၂၂ ရက်နေ့ကျရင် စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ iPhone 8 ကို အနည်းဆုံး ၆၉၉ ဒေါ်လာကနေ စရှိမှာဖြစ်ကာ၊ iPhone 8 Plus ကတော့ ၇၉၉ ဒေါ်လာရှိမှာဖြစ်ပါတယ်။

References
Mac Rumors GSM Arena
About Author
Assinged Tags
Battery iPhone 8 related news Chipset Apple iPhone 8 Plus Battery Capacity A11 Bionics
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed