Android 7.0 Nougat ကိုတောင် Update ပြုလုပ်နိုင်မှာမဟုတ်တော့တဲ့ BlackBerry Priv

date_range 15 September 2017

Android 7.0 Nougat ကိုတောင် Update ပြုလုပ်နိုင်မှာမဟုတ်တော့တဲ့ BlackBerry Priv

visibility 1240 Views

                BlackBerry Priv စမတ်ဖုန်းဟာ BlackBerry Limited ရဲ့ ပထမဆုံး BlackBerry တံဆိပ် Android ဖုန်းလို့ ပြောလို့ရပါတယ်။ BlackBerry Priv ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀၁၅ တုန်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး TCL ကနေ လက်လွှဲမယူခင်တုန်းကဖြစ်ပါတယ်။ 

                ဒါပေမယ့် အခုအချိန်မှာ BlackBerry ကို TCL ကနေ လွှဲပြောင်းရယူလိုက်ပြီး နောက်ပိုင်းဖုန်းအသစ်တွေဖြစ်တဲ့ DTEK ဖုန်းတွေနဲ့ နောက်ဆုံး BlackBerry KEYone ဖုန်းကိုပါ ဆက်လက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ 

                အကြောင်းပြချက်ကို သေချာမသိရပေမယ့် BlackBerry ကနေ ယခင်တုန်းကထွက်ရှိထားခဲ့တဲ့ BlackBerry Priv ဖုန်းအတွက် Android Nougat Version ကိုတောင် Update ပြုလုပ်ပေးတာမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။ 

                BlackBerry Priv က စထုတ်တုန်းက Android 5.1 Lollipop နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Android 6.0 Marshmallow အထိပဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလတုန်းက Update ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အခုအချိန်မှာ Android 8.0 Oreo လည်း ထွက်ရှိလာသလို TCL ကိုယ်တိုင်ကလည်း သူ့ရဲ့ နောက်ဆုံးထွက် KEYone ဖုန်းကိုတော့ Oreo Update ပေးဖို့ ပြုလုပ်နေပေမယ့်လည်း Priv လိုမျိုး BlackBerry ရဲ့ Flagship ဖုန်းတစ်ခုကိုတော့ ဒီအထိပဲ Support ပြုလုပ်တာကတော့ ဝမ်းနည်းစရာပါ။ 

                အခုအချိန်ကစပြီးတော့ BlackBerry Priv ပိုင်ရှင်တွေဟာ Major Updates တွေရရှိတော့မှာမဟုတ်ပဲ Security Patches တွေပဲ လက်ခံရရှိတော့မှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
BlackBerry Android Nougat Android Update Priv BlackBerry Priv
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed