၂၀၁၇ ခုနှစ်အထိ လူသုံးအများဆုံးဖြစ်နေသေးတဲ့ Android Lollipop

date_range 09 March 2017

၂၀၁၇ ခုနှစ်အထိ လူသုံးအများဆုံးဖြစ်နေသေးတဲ့ Android Lollipop

visibility 100 Views

                နောက်ဆုံးထွက်ရှိထားတဲ့ Android Nougat တောင် 7.1.2 version အထိ ရောက်ရှိပြီးလို့၊ Android 8 သတင်းတွေလည်း သိုးသိုးသန့်သန့် ကြားလာချိန်မှာ၊ အခုအချိန်ထိ လူသုံးအများဆုံး Android OS ကတော့ Lollipop ပဲ ဖြစ်နေပါသေးတယ်။

                ဒါပေမယ့် Android Lollipop နဲ့ Marshmallow ကြား ကွာဟချက်က တော်တော်ကျဥ်းမြောင်းလာပြီး၊ မကြာမီမှာ Marshmallow က လူသုံးအများဆုံး Android OS အဖြစ် ရပ်တည်နိုင်ဖွယ်ရှိပါတယ်။

                ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ Android အသုံးပြုမှုစစ်တမ်းမှာ Lollipop က စျေးကွက်ဝေစု ၃၂.၅ ရာခိုင်နှုန်းအထိ ရရှိထားပြီး၊ Marshmallow က ၃၁.၃ ရာခိုင်နှုန်း ဖြစ်လာတာ တွေ့ရပါတယ်။

                နောက်ဆုံး Android OS ဖြစ်တဲ့ Nougat ကတော့ အခုအချိန်အထိ ၂.၈ ရာခိုင်နှုန်းပဲ ရရှိသေးပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့လတုန်းက ၁ ရာခိုင်နှုန်း ကျော်ကျော်သာရှိတာကြောင့် ရာခိုင်နှုန်းတိုးတက်မှုတော့ ရှိလာပါတယ်။


                Android OS တွေထဲမှာ လူသုံးအများဆုံး Android OS အဖြစ် တတိယနေရာကို ရောက်ရှိနေတာကတော့ တော်တော်ဒိတ်အောက်နေပြီဖြစ်တဲ့ Android KitKat ဖြစ်ပြီး၊ အခုအချိန်ထိ Android devices အားလုံးရဲ့ ၂၀.၈ ရာခိုင်နှုန်းကို ရယူထားနိုင်တာ တွေ့ရပါတယ်။ Jelly Bean က ၁၀ ရာခိုင်နှုန်းနဲ့ ဘိုးအေဗားရှင်းတွေဖြစ်တဲ့ Ice Cream Sandwich နဲ့ Gingerbread တို့ကလည်း ၁ ရာခိုင်နှုန်းစီ ရယူထားနိုင်ပါသေးတယ်။ Froyo တော့ မတွေ့ရတော့ပါဘူး။ ဘယ်သူတွေများ အခုအချိန်ထိ Gingerbread OS တွေ သုံးနေလည်းဆိုတာကတော့ တော်တော်စဥ်းစားစရာပါ။

                နောက်ဆုံး Android OS ဖြစ်တဲ့ 7.0 Nougat ကို အခုအချိန်ထိ လူသုံးနည်းနေတာက စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီတော်တော်များများနဲ့ Mobile Network Operator တွေဘက်က Updates အတွက် ပြင်ဆင်ဆဲပဲ ရှိသေးတာကြောင့်ဖြစ်ပြီး၊ Android Nougat ကို ဖုန်းထုတ်ကတည်းက တပါတည်းထည့်ပေးထားနိုင်တဲ့ ဖုန်းအရေအတွက်ကလည်း တော်တော်ကြီး နည်းနေသေးပါတယ်။

                Developers နဲ့ Designers တွေအတွက် အသုံးဝင်မယ့် Screen Configurations အသုံးပြုမှုရာခိုင်နှုန်းနဲ့ Open GL Versions တို့ကို ယခု Link မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

References
Android Developers
About Author
Assinged Tags
Android Android Nougat Android Lollipop Android Marshmallow Android Distribution
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed