iPhone သစ်ကို ဝယ်ယူနိုင်ဖို့အတွက် စတင်တန်းစီနေပြီဖြစ်တဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က Apple Fan များ

date_range 12 September 2017

iPhone သစ်ကို ဝယ်ယူနိုင်ဖို့အတွက် စတင်တန်းစီနေပြီဖြစ်တဲ့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က Apple Fan များ

visibility 19060 Views

                လွန်ခဲ့တဲ့ လပိုင်းအနည်းငယ်အတွင်း နည်းပညာစိတ်ဝင်စားသူများ၊ Apple ပရိတ်သတ်များနဲ့ နည်းပညာကျွမ်းကျင်တွေဟာ ဒီနေ့နာရီပိုင်းအနည်းငယ်အတွင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တဲ့ မျိုးဆက်သစ် iPhone ကို စောင့်ဆိုင်းနေခဲ့တာပါ။ 

                Leaked ဖြစ်ခဲ့တဲ့ iOS 11 GM Built ကြောင့် ပိုပြီးတော့ Hype ဖြစ်ကြတာကလည်း မဆန်းပါဘူး။ တစ်ချို့ Apple ပရိတ်သတ်တွေအတွက်ကတော့ မျိုးဆက်သစ် iPhone ကို စောင့်ဆိုင်းနေကြတယ်ဆိုပေမယ့် ဝယ်ယူဖို့တော့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ သို့ပေမယ့်လည်း သြစတေးလျနိုင်ငံ၊ Sydney မြို့က ရူးရူးသွပ်သွပ် Apple ပရိတ်သတ်တွေကတော့ ဝယ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ 

                မိတ်ဆက်ဖို့ နှစ်ရက်လောက်လိုသေးတာတောင်မှ Sydney Apple Store ရှေ့မှာ တန်းစီနေကြပြီလို့ Sydney မြို့ခံတစ်ဦးက Tweet လုပ်ထားပါတယ်။ Tweet ထဲက ဓာတ်ပုံမှာတော့ ထိုင်ခုံတွေ၊ ဘာတွေနဲ့ အခန့်သား ထိုင်စောင့်နေတဲ့ Apple Fan တစ်ယောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

                Apple ထုံးစံအရ Product တစ်ခုခုကို မိတ်ဆက်ပြီးပြီးခြင်း Pre-Order တွေ ချက်ချင်းလက်မခံတတ်ပါဘူး။ အနည်းဆုံးတော့ တနင်္လာနေ့ မိတ်ဆက်တယ်ဆိုရင် သောကြာနေ့လောက်မှ Pre-Order တွေ လက်ခံတာ ဖြစ်ပါတယ်။ ဒီတော့ အခုလောလောဆယ် ဝယ်ယူဖို့စောင့်ဆိုင်းနေကြတဲ့ Fan တွေအနေနဲ့ ချက်ချင်းဝယ်ယူနိုင်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ 

                နောက်ပြီး၊ ကောလဟာသတင်းတွေအရလည်း Apple အနေနဲ့ Demand နဲ့လိုက်ပြီး iPhone တွေကို မထုတ်လုပ်နိုင်ဘူးဆိုတော့ မှာယူထားတယ်ဆိုရင်တောင်မှ ရရှိနိုင်ဖို့အတွက် အနည်းငယ်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် iPhone ကိုတော့ Steve Jobs Theater အသစ်မှာ ဒီနေ့ည (၁၂-စက်တင်ဘာ-၂၀၁၇) မြန်မာစံတော်ချိန် ၁၁ နာရီခွဲလောက်မှာ တရားဝင်မိတ်ဆက်သွားမှာပါ။

References
Cult of Mac
About Author
Assinged Tags
iPhone 8 related news Apple Apple Special Event
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed