စက်တင်ဘာလ (၅) ရက်နေ့မှာ  ဖုန်းစီးရီးအသစ်တစ်မျိုး မိတ်ဆက်တော့မယ့် Xiaomi

date_range 02 September 2017

စက်တင်ဘာလ (၅) ရက်နေ့မှာ ဖုန်းစီးရီးအသစ်တစ်မျိုး မိတ်ဆက်တော့မယ့် Xiaomi

visibility 7980 Views

                Xiaomi ကနေ ဖုန်းစီးရီးအသစ်တစ်မျိုး မိတ်ဆက်တော့မယ်ဆိုတဲ့ သတင်းတွေက လွန်ခဲ့တဲ့၊ ဂျူလိုင်လလောက်ထဲက ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အဆိုပါ သတင်းတွေက တကယ်မှန်လာပြီလို့ ပြောရမှာပါ။

                Xiaomi ဟာ အိန္ဒိယနိုင်ငံမှာ မှာ စက်တင်ဘာလ ၅ ရက်နေ့ကျရင် ဖုန်းတစ်မျိုး မိတ်ဆက်မယ်လို့ လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက ကြိုတင်ကြေငြာထားခဲ့ပြီးသားပါ။ ဒါပေမယ့် အစောပိုင်း Teasers တွေအရ အဆိုပါဖုန်းဟာ Xiaomi ကနေ နောက်ဆုံးထုတ်ထားတဲ့ Dual-Camera သုံး Xiaomi Mi 5X ဖုန်းပဲ ဖြစ်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့်၊ ဖုန်းစီးရီးအသစ်ဖြစ်မယ်လို့ မထင်ခဲ့ကြပါဘူး။ 


                ဒါပေမယ့် Xiaomi ရဲ့ Official Twitter Account မှာ သြဂတ်စ်လ ၃၀ ရက်နေ့က တက်လာတဲ့ Tweet တစ်ခုအရ အိန္ဒိယမှာ လုပ်မယ့်ပွဲကို  "Introducing a new series by Xiaomi" လို့  နာမည်ပေးထားတာ တွေ့ရတာကြောင့်၊ Mi 5X ဖုန်း မဖြစ်နိုင်တော့ဘဲ၊ ဖုန်းစီးရီးအသစ်ရဲ့ ပထမဆုံးမော်ဒယ် ဖြစ်ဖို့ သေချာသလောက်ရှိသွားပါပြီ။

                မကြာခင်ကထွက်ရှိထားတဲ့ သတင်းတွေမှာလည်း Xiaomi ဟာ Google နဲ့ ပေါင်းပြီး Android One ဖုန်းတစ်မျိုး ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရတာကြောင့် Xiaomi ရဲ့ အခု Series အသစ်ဟာ Android One ဖုန်း ဖြစ်ဖို့ များပါတယ်။

                ပြီးတော့ အိန္ဒိယမှာ စက်တင်ဘာ ၅ ရက်နေ့လုပ်မယ့် မိတ်ဆက်ပွဲကလည်း တစ်ကမ္ဘာလုံးအတွက် ရည်ရွယ်တဲ့ ' Xiaomi Global Launch ' လိုဖြစ်နေတော့၊ Stock Android နဲ့ Xiaomi ဖုန်းကို  ဒီပွဲကနေ တစ်ကမ္ဘာလုံးကို မိတ်ဆက်ပေးမယ့်သဘောရှိပါတယ်။

                Xiaomi A1 လို့ လောလောဆည် နာမည်ထွက်နေတဲ့ အဆိုပါဖုန်းမော်ဒယ်အသစ်နဲ့ ပတ်သတ်ပြီး၊ Dual-Camera ပါဝင်လာမယ်ဆိုတာကလွဲလို့ တခြားဘာမှ တိတိကျကျမသိရသေးပေမယ့်၊ ပွဲက လာမယ့်အင်္ဂါနေ့ဆိုတော့ တရားဝင်သိရဖို့ ရက်သိပ်မလိုတော့ပါဘူး။

This Article is Contributed by YLin
References
Android Central
About Author
Assinged Tags
Xiaomi India Google Android One Xiaomi A1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed