ဖုန်းနဲ့တင် 3D Models တွေ ဖန်တီးနိုင်မယ့် Sony 3D Creator App ကို Xperia ဖုန်းသုံးမျိုးမှာ ရရှိမည်

date_range 04 September 2017

ဖုန်းနဲ့တင် 3D Models တွေ ဖန်တီးနိုင်မယ့် Sony 3D Creator App ကို Xperia ဖုန်းသုံးမျိုးမှာ ရရှိမည်

visibility 1840 Views

                Sony က IFA Conference မှာ မိတ်ဆက်ခဲ့တဲ့ Xperia XZ1 နဲ့ Xperia XZ1 Compact ဖုန်းတွေမှာပါဝင်မယ့် 3D Creator App ကို Xperia XZ Premium ဖုန်းတွေမှာပါ ထည့်သွင်းပေး မယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

                Android 8.0 Oreo Update ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီ Application ကို ထည့်သွင်းပေးသွားမှာဖြစ်ပြီး၊ လောလောဆည်တော့ ဒီဖုန်းသုံးမျိုးမှာပဲ 3D Creator App ရဦးမှာဖြစ်ပါတယ်။ Android Oreo Update ရမယ့် Sony ဖုန်းစာရင်းကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

                3D Creator app ဆိုတာကတော့ ဖုန်းကင်မရာကို သုံးပြီး 3D ပုံတွေရိုက်နိုင်အောင်လုပ်ပေးတဲ့ Application ဖြစ်ပါတယ်။ Sony 3D Creater App နဲ့ဆိုခင်ဗျား သိမ်းထားချင်တဲ့ အရာတွေကို ၁၅ စက္ကန့်ကနေ တစ်မိနစ်လောက်အတွင်း ဖုန်းကင်မရာနဲ့ ရိုက် ပြီး 3D Models တွေ အနေနဲ့ သိမ်းထားနိုင်မှာပါ။


                မျက်နှာတစ်ခုတည်းအတွက်၊ ခေါင်းတစ်ခုလုံးစာအတွက်၊ အစားအစာတွေအတွက် နဲ့ Freeform ပစ္စည်းတွေအတွက် ဆိုပြီး 3D Scan လုပ်ဖို့ Mode လေးခုနဲ့ ရိုက်နိုင်ပါတယ်။ ရိုက်ပြီးရင်တော့ ခင်ဗျားရိုက်ထား တာတွေကို Save လုပ် Edit  လုပ်ပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ share လုပ်နိုင်သလို 3D printer နဲ့ 3D အရုပ်တောင်ထုတ်နိုင်ပါသေးတယ်။


                ခင်ဗျားရိုက်ထားတဲ့ 3D models တွေကို 3D wallpaper အနေနဲ့ သုံးနိုင်သလို Augmented Reality (AR) Effect Application ထဲကိုထည့်ပြီး AR Object တွေအနေနဲ့အပြင်၊ ခင်ဗျားရဲ့ မျက်နှာကို ကာတွန်းပုံ ကိုယ်လုံးမှာ တပ်ပြီး AR ဇာတ်ကောင်အဖြစ်တောင်သုံးနိုင်ပါတယ်။ 

                ဖုန်းကင်မရာနဲ့ ဒီလို အသေးစိတ် 3D Models တွေ၊ Characters တွေ လုပ်နိုင်တာကို စမ်းကြည့်တဲ့လူတိုင်းက ချီးကျူး ကြတယ်လို့ သိရပါတယ်။

                အောက်က Video ကိုကြည့်ကြည့် ရင် ဒီ App က ဘယ်လောက်လန်းတယ်ဆိုတာ တွေ့ပါလိမ့်မယ်။



                Oreo Update နဲ့အတူ Xperia XZ ရဲ့ ကင်မရာကိုလည်း ပိုကောင်းလာအောင် အဆင့်မြှင့်ပေးမယ်လို့ Sony က အတည်ပြုခဲ့ပါ သေးတယ်။

                ဒီ Update မှာ လှုပ်ရှားနေတဲ့ အရာတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ရိုက်ကူးနိုင်မဲ့ Autofocus Burst ၊ ကင်မရာရှေ့ကလှုပ်ရှားမူတွေကို အာရုံခံပြီး ခင်ဗျားဓာတ်ပုံမရိုက်ခင်ကတည်းက ဓာတ်ပုံတွေကို ကြို ရိုက်ပေးထားမယ့် Predictive Capture လို Features တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

                ဒါပေမယ့် Sony က Xperia ဖုန်းတွေအတွက် Oreo Update ပေးမယ့် အချိန်ကို မပြောခဲ့သလို၊ တခြား ဖုန်း Model တွေကိုရော 3D Creater App ကို Update အနေနဲ့ ပေးမလားဆိုတာ မသိရသေးပါဘူး။

This Article is Contributed by YLin
References
GSM Arena Xperia Blog
About Author
Assinged Tags
Augmented Reality Sony Android 8 Oreo Xperia XZ Premium Sony XZ1 Compact Android Oreo Xperia Smartphones Xperia XZ1 3D Creator App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed