Sony ကနေစတင်မိတ်ဆက်လိုက်တဲ့ ကမ္ဘာ့အမြန်ဆုံး SD Card

date_range 23 February 2017

Sony ကနေစတင်မိတ်ဆက်လိုက်တဲ့ ကမ္ဘာ့အမြန်ဆုံး SD Card

visibility 390 Views

                Sony ရဲ့ သိပ်မကြာသေးခင်ကမှတီထွင်ခဲ့တဲ့ SF-G Series ရဲ့ UHS-II SD card ဟာ ကမ္ဘာပေါ်မှာအမြန်ဆုံး SD Card တစ်ခုပါတဲ့။ UHS-II လို့ခေါ်တဲ့ Connecting Pin က လိုင်း ၂ လိုင်းပါဝင်တာကြောင့် UHS-II Feature ကို Support လုပ်ပေးနိုင်တဲ့ စက် ( Device ) တွေနဲ့ဆိုရင်ဒီ SD Card က အမြင့်ဆုံးအနေနဲ့ Write Read Speed 300 Megabytes Per Second လောက်ထိ နဲ့ Write Speed 260 Megabytes Per Second အထိရရှိနိုင်မှာပါ။

                အရမ်းလျှင်မြန်တဲ့  ဒီ SD Card ရဲ့ Speed ကို အပြည့်အဝအသုံးချနိုင်ဖို့ Sony က Customer တွေကို File တွေ ရွေ့ပြောင်းတာပိုမြန်စေမယ့် မြန်နှုန်းမြင့် Card Reader တစ်ခုကိုလဲ ချပြပေးသွားမှာပါ။ SF-G Series ထဲက SD Card တစ်ခုကိုပိုင်ဆိုင်ထားတဲ့ သူကတော့ မတော်တဆ ဖျက်မိလိုက်တဲ့ File တွေဖြစ်ဖြစ် SD Card ပျက်သွားလို့ File တွေ ထိခိုက်သွားတယ်ဆိုခဲ့ရင် Sony ရဲ့ File Rescue Software သုံးပြီးပြန်လည် ရယူနိုင်မှာပါ။

                ပြောသာပြောတာပါ။ ဒီ SD Card က Waterproof , အပူချိန်ကိုလဲ အတိုင်းအတာ တစ်ခုထိ ခံနိုင်မယ့် Temperature Resistance , မတော်တဆလွတ်ကျတာတွေ တက်နင်းမိတာတွေ ကိုလဲခံနိုင်ဦးမယ့် Shockroof ပြီးတော့ X-ray Proof မို့လို့ X-ray ထဲမှာတောင်မမြင်ရဘူးမို့လို့ Data တွေထိခိုက်ပျက်စီးသွားဖို့ အခွင့်အရေးတော်တော်နည်းပါတယ်။

                Sony ကတော့ ဒီ SD Card ဈေးနှုန်းကိုမကြေငြာရသေးပါဘူး။ ဒါပေမယ့် ဒီလိုမျိုး Feature တွေပါဝင်ပေမယ့် နည်းပညာပိုင်းအနည်းငယ် နိမ့်မယ့် Sandisk ရဲ့ 32 GB SD Card ကိုတော့ ဒေါ်လာ ၆၀ နဲ့ ဝယ်ယူနိုင်ပါတယ်လို့တော့သိရပါတယ်။

References
The Verge Engadget
About Author
Assinged Tags
Sony SD Card Card Reader Sandisk
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed