ကိုယ်ပိုင် AI နည်းပညာအသစ်ကို မိတ်ဆက်ပေးတော့မယ့် Huawei

date_range 29 August 2017

ကိုယ်ပိုင် AI နည်းပညာအသစ်ကို မိတ်ဆက်ပေးတော့မယ့် Huawei

visibility 240 Views

                Huawei ကနေ သူ့ရဲ့ Flagship ဖုန်းတစ်လုံးဖြစ်လာမယ့် Huawei Mate 10 ကို လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြသသွားမယ်လို့ ကြေငြာထားပြီး၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမယ့် IFA 2017 ပွဲမှာတော့ သူရဲ့ ပထမဆုံး AI နည်းပညာကို ပြသသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ 

                အခုလိုကြေငြာလိုက်တာဟာ Huawei အနေနဲ့ Samsung ရဲ့ AI နည်းပညာအသုံးပြုထားတဲ့ Bixby Assistant ကို လိုက်ပြီးယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားသလားမသိပေမယ့် Huawei ရဲ့ Mate 10 ဖုန်းအတွက် Teaser Photo မှာလည်း #beyondthegalaxy လို့ရေးထားတယ်ဆိုတော့ Bixby အတွက် ပြိုင်ဘက်အသစ် ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ 


                Huawei ကိုယ်တိုင်ကလည်း နောက်ထွက်ရှိလာမယ့် Huawei Mate 10 အတွက် အသုံးပြုဖို့ရှိတဲ့ HiSilicon Kirin 970 CPU မှာ AI Functions တွေပါဝင်လာမယ်လို့ ပြောကြားခဲ့ဖူးပြီး၊ Huawei ရဲ့ EMUI Software Interface ကလည်း Deep Machine Learning နဲ့ Smart Computing စနစ်တွေကို အထောက်အပံ့ပေးနေပြီဖြစ်တဲ့အတွက် ဒီ AI နည်းပညာကို Huawei Mate 10 မှာ စတင်ထည့်သွင်းသွားလောက်မှာပါ။

References
Android Authority
About Author
Assinged Tags
Artificial Intelligence Huawei AI Huawei Mate 10 Huawei AI Technology Huawei AI
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed