Xiaomi က လက်ရှိ Redmi Series နဲ့ Mi Series မဟုတ်တဲ့ ဖုန်း Series အသစ်တစ်ခုကို ယခုလအတွင်းမိတ်ဆက်သွားမည်

date_range 12 July 2017

Xiaomi က လက်ရှိ Redmi Series နဲ့ Mi Series မဟုတ်တဲ့ ဖုန်း Series အသစ်တစ်ခုကို ယခုလအတွင်းမိတ်ဆက်သွားမည်

visibility 17940 Views

                Xiaomi က သူ့ဖုန်းတွေမှာ Budget, Mid Range Series အနေနဲ့ Redmi Series ဆိုပြီး ဖုန်းတွေထုတ်လုပ်နေပြီး၊ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ အမြင့်ပိုင်းဖုန်းတွေအနေနဲ့ Mi Series ဆိုပြီး ၂ မျိုးရောင်းချလျက်ရှိတာကို သိပြီးဖြစ်ကြမှာပါ။

                ဒါပေမယ့် ယခုလအတွင်းမှာ Xiaomi ဟာ Redmi Series နဲ့ Mi Series မဟုတ်ပဲ စွမ်းဆောင်ရည်ထက် ဒီဇိုင်းပိုင်း (သို့) ကင်မရာပိုင်းကို အဓိကထားပြီးထုတ်လုပ်မယ့် ဖုန်း Series အသစ်တစ်ခုကို စတင်ကြေငြာသွားမှာဖို့ ရှိပါတယ်။ ဒါ့အပြင် Xiaomi ဟာ အဆိုပါ ဖုန်း Series အသစ်ကို လက်ရှိ Redmi Series နဲ့ Mi Series ရောင်းချနေသလို Online Sales ကို အဓိကထားမည်မဟုတ်ပဲ Offline Sales တွေနဲ့ပဲ အားပြုပြီး ရောင်းချသွားမယ်လို့သိရပါတယ်။ 

                ယခုလို စွမ်းဆောင်ရည်ကို ဦးစားမပေးတော့ပဲ အခြားအချက်တွေကိုဦးစားပေးရောင်းချမယ်ဆိုတာက လက်ရှိဈေးကွက်မှာ ရောင်းအားသွက်အမှတ်တံဆိပ်တွေဖြစ်တဲ့ Oppo နဲ့ Vivo တို့ကို အဓိကယှဉ်ပြိုင်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 

                လက်ရှိထွက်ပေါ်ထားတဲ့ Teaser Image အရတော့ နောက်ထပ် Xiaomi ရဲ့ Dual Camera သုံးထားတဲ့ဖုန်းဖြစ်လာဖို့ရှိပြီး ကင်မရာထားတဲ့ပုံစံက တလောကထွက်ရှိထားတဲ့ OnePlus 5 နဲ့ Apple iPhone 7 Plus နဲ့ အနည်းငယ်တူညီနေပါတယ်။ 


                လက်ရှိအချိန်အထိတော့ ဒီ Series အသစ်ကို ဘယ်လိုနာမည်ခေါ်မလဲဆိုတာရော၊ ဈေးနဲ့ Performance အတန်းအရ ဘယ်ဝန်းကျင်ရှိမယ်ဆိုတာကို မသိရသေးပေမယ့် Mi Series နဲ့ Redmi Series ကြားမှာပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါဖုန်းသစ်ကို ယခုလကုန်ဝန်းကျင်မှာ ကြေငြာသွားဖို့ရှိတယ်ဆိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Xiaomi New Series
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed