အသံထိန်းချုပ်ကင်မရာပါဝင်တဲ့ Amazon Echo Look ကို စတင်မိတ်ဆက်

date_range 27 April 2017

အသံထိန်းချုပ်ကင်မရာပါဝင်တဲ့ Amazon Echo Look ကို စတင်မိတ်ဆက်

visibility 150 Views

                Alexa Digital Assistant ပါဝင်တဲ့ Amazon ရဲ့ “Echo Look” ထွက်ရှိလာပါပြီ။

                ဗုဒ္ဓဟူးနေ့က စတင်မိတ်ဆက်ခဲ့တဲ့ “Echo Look” မှာ Built-in Camera ပါဝင်လာတာဖြစ်ပြီး၊ ဒေါ်လာ ၂၀၀ စျေးနဲ့ ယနေ့ပဲ Pre-Order မှာယူဖို့ စတင်စာရင်းပေးသွင်းနိုင်ပါပြီ။

                အရင် Echo စပီကာတွေမှာ ပါဝင်တဲ့ Amazon ရဲ့ Voice Assistant “Alexa” ကိုလည်း တွေ့ရမှာဖြစ်ပြီး၊ အရင်လုပ်ဆောင်ချက်တွေအပြင် အသံနဲ့ Alexa ကို ကင်မရာရိုက်ဖို့၊ ဗီဒီယိုရိုက်ဖို့ပါ ခိုင်းစေလာနိုင်တာတွေ့ရပါတယ်။

                “Echo Look” ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်ကတော့ “Style Check” ဆိုတဲ့ Feature ပါဝင်လာတာဖြစ်ပြီး၊  ဖက်ရှင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့အညီ Machine Learning Algorithms ကို အသုံးပြုပြီး၊ User ရဲ့ ဖက်ရှင်စတိုင်ကို ဘယ်ဟာပိုလိုက်လဲ ဆုံးဖြတ်ပေးနိုင်တာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အပြင်သွားဖို့ ဘယ်အဝတ်အစားဝတ်ရမလဲ ဆုံးဖြတ်ရခက်နေရင်၊ Echo Look ကို ဓာတ်ပုံနှစ်ပုံရိုက်ခိုင်းပြီး၊ ဘယ်အဝတ်အစားက ကိုယ်နဲ့ပိုလိုက်လဲဆိုတာ ရွေးခိုင်းနိုင်ပါတယ်။


                ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ဗီဒီယိုကို Echo Look Mobile App ကနေလည်း တိုက်ရိုက်ပြန်ကြည့်နိုင်တာကြောင့်၊ မနက်ဆို မှန်တောင် ကြည့်နေစရာမလိုတော့ဘဲ Echo Look ကိုပဲ ဗီဒီယိုရိုက်ခိုင်းပြီး၊ တစ်ကိုယ်လုံးကို ရှေ့နောက်လှည့်ကြည့်နိုင်မှာပါ။


                ကိုယ်ရိုက်ကူးထားသမျှ ဖက်ရှင်ဓာတ်ပုံတွေကို Echo Look App ထဲမှာ ပြန်ကြည့်နိုင်ပြီး၊ ကိုယ့်နဲ့ လိုက်မယ့် အဝတ်အစားဖက်ရှင်တွေကိုလည်း Suggest လုပ်ပေးမှာဖြစ်တာကြောင့်၊ ကိုယ်ကြိုက်ရင် Amazon ရဲ့ ဖက်ရှင်အရောင်းကဏ္ဍကနေ တန်းဝယ်ရုံပါပဲ။ Amazon ရဲ့ တစ်ချက်ခုတ်၊နှစ်ချက်ပြတ်အိုင်ဒီယာလို့ ပြောရမှာပါ။

                နောက်ဆို Echo Look မှာပါတဲ့ ကင်မရာကို အွန်လိုင်းဗီဒီယိုအစည်းအဝေးလုပ်တာ၊ အိမ်တွင်းလုံခြုံရေးကင်မရာအဖြစ်သုံးတာ စတဲ့နေရာတွေမှာပါ အသုံးချလာနိုင်ဖို့ ရှိပါတယ်။


References
Gadgets NDTV
About Author
Assinged Tags
Amazon Echo Look Smart Speaker
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed