Xioami ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Scishare ကော်ဖီဖျော်စက်

date_range 08 March 2017

Xioami ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Scishare ကော်ဖီဖျော်စက်

visibility 150 Views

                Mi တံဆိပ်စမတ်ဖုန်းတွေအပြင်၊ Mijia နဲ့ Mi Ecosystem အမှတ်တံဆိပ်တွေနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေပါ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Xiaomi ကုမ္ပဏီရဲ့ ကုန်ပစ္စည်းအသစ် ထွက်ရှိလာပြန်ပါပြီ။

                မကြာသေးမီကပဲ Mi Walkie Talkie နဲ့ စမတ်ကင်မရာအပါအဝင် ကုန်ပစ္စည်းအသစ်တွေကို စတင်မိတ်ဆက်ခဲ့တဲ့ Xiaomi ရဲ့ ကုန်ပစ္စည်းအသစ်ကတော့ ကော်ဖီဖျော်စက်တစ်ခုဖြစ်ပြီး၊ Scishare အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။

                “Scishare Coffee Maker” ကို ဧပြီလ ၁၈ ရက်နေ့ကစပြီး တရုတ်နိုင်ငံတွင်း စတင်ရောင်းချမှာဖြစ်ကာ၊ စျေးနှုန်းကတော့ ၅၈ ဒေါ်လာပဲရှိပါတယ်။

                ဒီကော်ဖီဖျော်စက်ကို Xiaomi ရဲ့ “Mijia” crowdfunding platform ကနေ လူထုရန်ပုံငွေယူကာ Ningbo Heart Technology ကုမ္ပဏီက ထုတ်လုပ်ပြီး၊ Xiaomi ကုမ္ပဏီကနေ ရောင်းချပေးမှာဖြစ်ပါတယ်။

                Scishare Coffee Maker ဟာ Coffee Capsule သုံး ကော်ဖီဖျော်စက်တစ်ခုဖြစ်ပြီး၊ ဘား ၁၉ ဘားထိပါတဲ့ လျှပ်စစ်သံလိုက်အားသုံးပန့်တစ်ခုပါရှိပါတယ်။ ပန့်အားနဲ့ ကော်ဖီကို တစ်မိနစ်အတွင်းမှာ အပြီးဖျော်ပေးနိုင်တာကြောင့် ကော်ဖီတစ်ခွက်ရဖို့ အချိန်ကြာကြာမစောင့်ချင်သူတွေ အကြိုက်ပါပဲ။

                Coffee Capsules အမှတ်တံဆိပ်အများအပြားနဲ့ အလုပ်လုပ်ပြီး၊ ကော်ဖီပမာဏကို ၁၈၀ မီလီမီတာခွက်ကြီးကနေ ၁၅-၈၅ မီလီမီတာ ခွက်သေးတွေအထိ ခွက်အရွယ်အစား ၈ မျိုးအထိ စိတ်ကြိုက်သတ်မှတ်ထားနိုင်ပါတယ်။ ကော်ဖီအပြင်း၊ အပျော့ ချိန်ညှိနိုင်သလို၊ ကော်ဖီထည့်နှုန်း ထိန်းချုပ်ဖို့အတွက် လီဗာတစ်ခုလည်း ပါရှိမှာပါ။

                ကော်ဖီဖျော်စက်ရဲ့ အရွယ်အစားက ၃၄ x ၁၀ x ၂၆ စင်တီမီတာပဲ ရှိတာကြောင့် နေရာသိပ်ယူမှာမဟုတ်သလို၊ စက်ဒီဇိုင်းက အလွယ်တကူသန့်ရှင်းရေးလုပ်နိုင်တဲ့ ဒီဇိုင်းလို့ ဆိုပါတယ်။ 

                ဒီကော်ဖီဖျော်စက်အတွက် ရန်ပုံငွေထည့်ဝင်ထားသူတွေကို စက်တကယ်ထွက်ရှိလာရင် နိုင်ငံခြားကနေ တင်သွင်းထားတဲ့ Coffee Capsules ၁၅ ခုတိတိ ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

References
Gadgets NDTV Gizmo China
About Author
Assinged Tags
Xiaomi Coffee Maker Gadgets Smart Home
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed