Mobile App အပြင် Desktop အတွက်ပါ Design ပုံစံပြောင်းလဲလိုက်တဲ့ YouTube

date_range 30 August 2017

Mobile App အပြင် Desktop အတွက်ပါ Design ပုံစံပြောင်းလဲလိုက်တဲ့ YouTube

visibility 620 Views

                YouTube အနေနဲ့ Mobile App နဲ့ Desktop Version အတွက် Logo နဲ့ Interface ဒီဇိုင်းပုံစံတွေကို မနေ့က စတင်ပြောင်းလဲခဲ့ပါတယ်။ ဒီလိုဒီဇိုင်းပုံစံတွေနဲ့အတူ တခြားဘာတွေထပ်ပြောင်းလဲသွားတယ်ဆိုတာကို ကျွန်တော်တို့ ကြည့်လိုက်ကြရအောင်။ 

via GIPHY

                အရင်တုန်းက You ကိုတော့ ရိုးရိုးစာလုံးနဲ့ရေးသားထားပြီး၊ Tube ကို အနီရောင်နောက်ခံပုံစံနဲ့ ရေးသားထားရာကနေ၊ အခုတော့ အနီရောင် Play Button ဘေးနားမှာ YouTube ကို တဆက်တည်းပုံစံနဲ့ Logo အသစ်ကို တွေ့မြင်လာရမှာပါ။ ဒါ့အပြင် YouTube Logo အတွက် Font ကိုလည်း ပြောင်းလဲထားတာကို တွေ့ရပါတယ်။


                Desktop Version မှာဆိုရင်တော့ အရင် Flat Design ကို စွန့်ပစ်လိုက်ပြီး၊ Google ရဲ့ Material Design ကို ပြောင်းလဲအသုံးပြုထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနီရောင် Banner အစား အဖြူရောင်ကို အသားပေးသုံးစွဲထားပြီး၊ Video Thumbnails တွေ သေချာမြင်ရလာအောင် ပြုပြင်ပေးထားပါတယ်။


                ဒါတင်မကသေးပါဘူး။ Desktop Version မှာ Dark Theme လည်းပါ၀င်လာမှာဖြစ်ပါတယ်။


                Mobile App မှာလည်း အနီရောင် Banner တွေ အကုန်ဖြုတ်ပစ်ထားပြီး၊ အဖြူရောင်ကိုအစားထိုးသုံးစွဲထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရင်က Desktop ပေါ်မှာပဲ ရရှိခဲ့တဲ့ Playback Speed Feature ကိုလည်း Mobile App မှာ စ တင်အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။


                နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ Vertical Video တွေ (ဥပမာ- စမတ်ဖုန်းနဲ့ ဒေါင်လိုက်ရိုက်ထားတဲ့ Video တွေ) ကို Full Screen ကြည့်ရှုတဲ့အခါမှာ ဘေးနားက Blank Space တွေပါ၀င်နေပြီး သေချာမမြင်ရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ အခုအခါမှာတော့ ဒီလိုမျိုး Vertical Video တွေကို Mobile App မှာ Full Screen ကြည့်ရှုမယ်ဆိုရင်တော့ ဒေါင်လိုက်အနေအထားနဲ့ပဲ ကြည့်ရှုလို့ ရလာမှာဖြစ်ပါတယ်။

                Google ရဲ့ Product တစ်ခုဖြစ်တဲ့ YouTube ဟာ ပြောင်းလဲမှုတွေ အစဉ်အမြဲပြုလုပ်လျက်ရှိပြီး မကြာသေးခင်ကမှ Video Thumbnails တွေကို GIF ပုံစံနဲ့ ပြသနိုင်အောင် ပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် Video Editor/Photo Slideshow တွေကို လူသုံးနည်းတဲ့အတွက် ဖြုတ်ပစ်တာမျိုးတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

References
The Verge
About Author
Assinged Tags
Google Android Youtube iOS Mobile App YouTube App YouTube Desktop Desktop Version
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed