YouTube မှ Video Thumbnails တွေကို GIF ပုံစံနဲ့ စတင်ပြသ

date_range 16 July 2017

YouTube မှ Video Thumbnails တွေကို GIF ပုံစံနဲ့ စတင်ပြသ

visibility 240 Views

                ဇွန်လကုန်မှာ YouTube ကနေပြီးတော့ Video တွေရဲ့ Thumbnail အပေါ်ကို Mouse Pointer ကို Hover လုပ်လိုက်ရုံနဲ့ သက်ဆိုင်တဲ့ Video ကို သုံးစက္ကန့်စာ Animation GIF ပုံစံပြသပေးသွားမှာဖြစ်ပါတယ်။ ဒီ Feature ကို ဖေဖော်ဝါရီလလောက်မှာ  Video အနည်းငယ်လောက်ကို စမ်းသပ်ပြသပေးခဲ့ပြီး အခုဆိုရင်တော့ Video တိုင်းလိုလို Preview ရရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

via GIPHY

                ဒီလို Preview တွေကို Chrome Version 32 နဲ့အထက်၊ Opera Version 19 နဲ့အထက် မှာပြသပေးသွားမှာဖြစ်ပါတယ်။ Mobile မှာတော့ ဒီ Feature ကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး။ PC ပေါ်မှာလည်း Chrome ကို Base ယူပြီးရေးသားထားတဲ့ Browser တွေမှလွဲ တခြား Browser တွေ (ဥပမာ- Firefox, Safari) ပေါ်မှာလည်း ဒီ Thumbnail Preview Feature ကိုရရှိမှာမဟုတ်ပါဘူး။ 

                Preview Thumbnails တွေကို Google ရဲ့ AI နည်းပညာကိုအသုံးပြုပြီး Video တစ်၀က်မှ စ ပြသပေးမှာဖြစ်ပါတယ်။  Video တွေအနေနဲ့လည်း စက္ကန့် ၃၀ နဲ့အထက်ကြာမြင့်မှသာ ဒီ Thumbnail Preview ပေါ်မှာဖြစ်ပါတယ်။ YouTube မှလည်း ဒီလိုမျိုး Preview တွေပြသတဲ့အခါ YouTube ကြည့်နေတဲ့သူတွေအတွက် ဒီ Video မှာဘာတွေပြသထားလဲဆိုတာ အကြမ်းဖျင်းသိရှိနိုင်အောင်ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

                Video Upload လုပ်တဲ့သူတွေအနေနဲ့တော့ Image Thumbnails ကို ကိုယ်တိုင်သတ်မှတ်ပေးလို့ရပြီး ဒီ Moving Thumbnails တွေကို စိတ်ကြိုက်သတ်မှတ်ခွင့်မရှိပဲ အားလုံးနဲ့တန်းတူ Video ရဲ့တစ်၀က်ကနေ စပြီးပဲ ပြသသွားမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Google Youtube GIF Thumbnails Moving Thumbnails Thumbnails Preview
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed