YouTube မှ Video Editor နဲ့ Photo Slideshows ကို အသုံးပြုသူနည်းပါးတဲ့အတွက် ဖြုတ်ပစ်တော့မည်ဖြစ်ကြောင်း ကြေညာ

date_range 23 July 2017

YouTube မှ Video Editor နဲ့ Photo Slideshows ကို အသုံးပြုသူနည်းပါးတဲ့အတွက် ဖြုတ်ပစ်တော့မည်ဖြစ်ကြောင်း ကြေညာ

visibility 140 Views

                YouTube မှ Video Editor နဲ့ Photo Slideshows Feature တွေကို အသုံးပြုသူနည်းပါးတဲ့အတွက် စက်တင်ဘာလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး ဖြုတ်ပစ်တော့မယ်လို့ YouTube Creator Community မှာ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း Features တွေအားလုံးကိုတော့ ဖြုတ်သိမ်းပစ်မှာမဟုတ်ပါဘူး။ Video Enhancements အနေနဲ့ Trimming, Blurring နဲ့ Filter ခံတာတွေ ဆက်လုပ်ပြုလုပ်လို့ရမှာပါ။ 

                Google မှ Community Manager တစ်ယောက်ဖြစ်တဲ့ Marissa ရဲ့ Google Product Forum မှာကြေညာချက်အရ အသုံးပြုသူတအားနည်းတဲ့ ဒီ Features နှစ်ခုကိုရပ်ဆိုင်းလိုက်ပြီး YouTube အတွက် တခြား Tools နဲ့ Features တွေကို ဆက်လက်တိုးတက်ကောင်းမွန်အောင်ပြုလုပ်သွားဖို့ရှိတယ် လို့လည်းသိရှိရပါတယ်။ 

                တကယ်လို့သာ YouTube Creators တွေဟာ Video Editor နဲ့ Photo Slideshow ထဲမှာ Projects တွေသိမ်းဆည်းထားတယ်ဆိုရင် စက်တင်ဘာလ ၂၀ ရက်နေ့မတိုင်ခင်မှာ အပြီးအဆုံးသတ်ရဖို့ရှိပါတယ်။ Video Editor ထဲမှာမပြီးသေးတဲ့ Video တွေကိုလည်း 720p Resolution နဲ့ Download ပြုလုပ်လို့ရသလို Google Takeout မှ Original Quality နဲ့လည်း ပြန်လည်ရယူနိုင်ပါတယ်။

                တကယ်တမ်း Editing နဲ့ပတ်သက်လာရင် Web Tools တွေထက် Third-Party Program တွေကိုသာအသုံးပြုကြတာမို့ ဒီလို Feature တွေဖြုတ်ချလိုက်တဲ့အတွက်လည်း ထိခိုက်မှုအမြောက်အများတော့မရှိလောက်ပါဘူး။

References
Gadgets NDTV The Verge YouTube Creator Community
About Author
Assinged Tags
Google Youtube Video Editor Photo Slideshow
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed