Apple iOS အတွက် Google Assistant ကို ဥရောပနိုင်ငံအချို့မှာ စတင်အသုံးပြုနိုင်ပြီ

date_range 27 August 2017

Apple iOS အတွက် Google Assistant ကို ဥရောပနိုင်ငံအချို့မှာ စတင်အသုံးပြုနိုင်ပြီ

visibility 180 Views

                Google Assistant ကို စတင်မိတ်ဆက်ခဲ့တုန်းက Android ဖုန်းတွေပေါ်မှာပဲ အသုံးပြုလို့ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လပိုင်းတုန်းက Google Assistant ကို Apple iOS မှာပါထုတ်ပေးသွားမယ် လို့ ကြေငြာခဲ့ပြီး အခုအချိန်မှာတော့ ဥရောပနိုင်ငံတွေဖြစ်တဲ့ UK ၊ ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံတွေမှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ Google Assistant ကို iOS အတွက် US Store အသုံးပြုသူတွေသာ Download ပြုလုပ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ 

                Google Assistant က ယခင်က Google ရဲ့ Voice Assistant ထက်ပိုပြီးကောင်းတယ်လို့ ပြောလို့ရပေမယ့် Apple ရဲ့ ကိုယ်ပိုင် Siri ထက်ပိုပြီး Apple Devices တွေအပေါ်မှာအသုံးဝင်ပါ့မလားကတော့ မေးခွန်းထုတ်စရာပါ။ လက်ရှိအချိန်မှာလည်း Google Assistant ဟာ iOS Devices တွေအပေါ်မှာ Alarm Setting ချိန်တာ၊ Home Key ကို ဖိထားပြီး Siri အစား Google Assistant ကိုပြောင်းလဲအသုံးပြုတာ စတဲ့ Features တွေကို Apple ရဲ့ API ကန့်သတ်ချက်တွေကြောင့် မပြုလုပ်နိုင်သေးပါဘူး။ 

                ဒါပေမယ့် Google Assistant ဟာ Apple Notification Center မှာပါဝင်တဲ့ Widget Panel ကနေတစ်ဆင့် Assistant Widget ကို အသုံးပြုနိုင်တာကတော့ တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ 

                ယခုအချိန်မှာ Samsung Galaxy S8 နဲ့ Galaxy Note 8 လို အဆင့်မြင့် Android ဖုန်းတွေကလည်း သူတို့ရဲ့ကိုယ်ပိုင် Bixby Voice Assistant နဲ့ Google Assistant ၂ ခုပါဝင်တယ်ဆိုတော့ အခုလို Apple iOS Device တွေမှာလည်း Apple Siri နဲ့ Google Assistant ၂ မျိုးကို တွဲဖက်အသုံးပြုနိုင်တာက  အသုံးပြုသူတွေအတွက် ပိုကောင်းလာနိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
The Verge
About Author
Assinged Tags
Google Google Assistant Google App iPhone iOS iPad Apple's iPhone Apple Apple iPad Google Assistant for iOS
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed