Android 6.0 နှင့်အထက် Android ဖုန်းတိုင်းမှာ Google Assistant အသုံးပြုနိုင်တော့မည်

date_range 27 February 2017

Android 6.0 နှင့်အထက် Android ဖုန်းတိုင်းမှာ Google Assistant အသုံးပြုနိုင်တော့မည်

visibility Views

                ကျနော်တို့မကြာခင်က ခန့်မှန်းထားတဲ့အတိုင်း Google Assistant ကို အခုဆိုရင် Android 6.0 နှင့်အထက် Android ဖုန်းတွေအားလုံးမှာ အသုံးပြုနိုင်တော့မှာြဖစ်ကြောင်း Google က ကြေငြာလိုက်ပါပြီ။

                အရင်က Google Assistant ကို Google ထုတ် Pixel ဖုန်းတွေမှာပဲ အသုံးပြုလို့ရခဲ့တာဖြစ်ပြီး၊ မနေ့က မိတ်ဆက်ခဲ့တဲ့ LG G6 ဖုန်းက Google Assistant ပါတဲ့ ပထမဆုံး non-Pixel ဖုန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် LG G6 မိတ်ဆက်ပြီးမကြာခင်မှာပဲ Google က Assistant ကို တခြားဖုန်းတွေမှာပါ အသုံးပြုလို့ရပြီဖြစ်ကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်။

                Google Assistant ကို အသုံးပြုခွင့်ရဖို့အတွက် Android ဖုန်းကို Update လုပ်စရာမလိုဘဲ၊ Google Play Services ရှိတာနဲ့ အသုံးပြုလို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်ထဲ US က Marshmallow နဲ့ Nougat ဖုန်းတွေဆီ အရင်ထွက်ရှိလာမှာဖြစ်ပြီး၊ မကြာခင်မှာ သြစတြေးလျ၊ ကနေဒါ တို့အတွက်ပါ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံအတွက်လည်း ဂျာမနီဘာသာစကားနဲ့ ထွက်ရှိဖို့ရှိတယ်လို့ သိရပါတယ်။


References
Android Police
About Author
Assinged Tags
Google Google Assistant Android
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed