Hey Siri : Google Assistant တော့ iPhone ပေါ် ရောက်လာပြီ

date_range 18 May 2017

Hey Siri : Google Assistant တော့ iPhone ပေါ် ရောက်လာပြီ

visibility 2500 Views

                ကောလဟာလတွေထွက်ခဲ့တဲ့အတိုင်းပဲ Google Assistant ကတော့ iOS App Store ပေါ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

                မနေ့က ကျင်းပသွားခဲ့တဲ့ Google I/O ပွဲမှာ Google Assistant ကို iOS အတွက် တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊  သီးသန့် App တစ်ခုအနေနဲ့ App Store မှာ သွားရောက် Download ပြုလုပ်နိုင်ပါတယ်။

                iOS ရဲ့ ကန့်သတ်ချက်တွေကြောင့် iOS Google Assistant ကို Android မှာလိုတော့ Feature အပြည့် အသုံးပြုနိုင်မှာမဟုတ်ဘဲ၊ Alarm ပေးခိုင်းတာ, Launch App လုပ်ခိုင်းတာ၊ ကင်မရာရိုက်ခိုင်းတာ၊ Post to Facebook လုပ်ခိုင်းတာမျိုးတွေ လုပ်လို့ရမှာမဟုတ်ပါဘူး။ ဖုန်းခေါ်တာ၊ iMessage ပို့တာတွေတော့ အသုံးပြုနိုင်ပါတယ်။ Web Search တွေတော့ အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။


                Google Assistant ကို သီချင်းဖွင့်ခိုင်းချင်တယ်ဆိုရင်တော့ YouTube ကဖွင့်မှာလား၊ Apple Music က ဖွင့်မှာလား Default တစ်ခုရွေးခိုင်ပြီး၊ Apple Music ရွေးထားမယ်ဆိုရင် Play “Name of a song” ပြောလိုက်တာနဲ့ သီချင်းတန်းဖွင့်ပေးနိုင်ပါတယ်။ YouTube က ဆိုရင်တော့ YouTube App ထဲကနေ ဖွင့်ပေးမှာပေ့ါ။ ပြီးတော့ iPhone မှာ Home Button နှိပ်ရင် Siri ပဲ တက်လာမှာဆိုတော့ Google Assistant ကို အသုံးပြုဖို့အတွက်က App ထဲဝင်ပြီးဖြစ်ဖြစ်၊ Widget ကနေဖြစ်ဖြစ် အသုံးပြုရမှာပါ။

                ပြောရမယ်ဆိုရင် iOS Restrictions တွေကြောင့် Google Assistant ဟာ iOS မှာတော့ Android လောက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် Google Assistant ဟာ Siri ထက် သေချာပေါက် သာတဲ့တစ်ခုက ကိုယ့်ရဲ့ Preferences တွေကို အမြဲမှတ်ထားနိုင်တာပါ။ ဥပမာ - ခင်ဗျားအကြိုက်ဆုံးအရောင်က အနီရောင်လို့ Google Assistant ကို ပြောထားမယ်ဆိုရင်၊ နောက်နှစ်လ၊သုံးလလောက်ကြာမှ ငါဘာအရောင်ကြိုက်တာလဲ လို့ ပြန်မေးရင်လည်း Assistant က အနီရောင်ဆိုတာ ပြန်ဖြေနိုင်မှာပါ။ Siri မှာတော့ ဒီလိုမလုပ်နိုင်သေးပါဘူး။

                Google Assistant for iOS ကို လောလောဆည် US မှာပဲ ရရှိဦးမှာဖြစ်ပြီး၊ ဒီကနေ Download ပြုလုပ်နိုင်ပါတယ်။ 

References
The Verge TechX Myanmar
About Author
Assinged Tags
Google Google Assistant Artificial Intelligence Digital Assistant iOS Siri App Store Intelligent Digital Assistant iOS App Related
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed