Adventure Game ပရိတ်သတ်တွေကြိုက်နှစ်သက်မယ့် Game ၁၀ ခု

date_range 04 March 2017

Adventure Game ပရိတ်သတ်တွေကြိုက်နှစ်သက်မယ့် Game ၁၀ ခု

visibility 10130 Views

            ဒီနေ့မှာတော့ Gamer တွေ ရှာဆော့ရလွယ်အောင် မဆော့ရသေးရင်အခုပဲစတင်ဆော့ကစားသင့်တဲ့ Action Adventure Game ၁၀ ခုကို  Count Down လုပ်ပြသွားမှာပါ။

၁. Grand Theft Auto Series


                Grand Theft Auto Series ဆိုပေမယ့် သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Grand Theft Auto 5 ကတော့ မဆော့ဘူးရင်ကိုယ့်ကိုကိုယ် Gamer တစ်ယောက်ဖြစ်တယ်လို့ပြောလို့မရပါဘူး။ အဲ့လောက်ကောင်းတဲ့ Game ပါ။ GTA V မှာဆိုရင် Michael ,Trevor နဲ့ Franklin စတဲ့ ဇာတ်လိုက်သုံးယောက်နေရာ က ကစားရမှာပါ။ Game ကိုတော့ Third Person Shooting အနေနဲ့ကစားရမှာဖြစ်ပြီး Combat မှာတော့ ရွေးခြယ်စရာများပြားတဲ့ သေနတ်တွေ၊ လောင်ချာတွေကအစ ပါဝင်မှာဖြစ်ပါတယ်။

                ဇာတ်အိမ်ကို ဇာတ်လိုက် ၃ ယောက်အပေါ် အခြေခံထားပြီး ဟာသဆန်တဲ့ Mission တွေအပြင် Mission လုပ်ရတာပျင်းရင် ကိုယ်သောင်းကြမ်းပြီး လုပ်ချင်တာ လုပ်နိုင်မယ့် Open World ကြီးတစ်ခုလုံးအပြင် များပြားပြီး ကျယ်ပြန့်တဲ့ Mini-game တွေပါ၊ ပါတာမို့ Game အစ ကနေအဆုံးထိ စိတ်ရှုပ်၊ စိတ်ညစ်စရာမလိုပဲ ပေါ့ပေါ့ပါးပါး ကစားနိုင်မယ့် Game တစ်ခုပါ။ ဒီ Game ကိုတော့ Rockstar ကနေ Playstation 3 , Xbox 360 , Playstation 4 , Xbox One နဲ့ Microsoft Windows အတွက် ၂၀၁၃ ခုနှစ်မှာ ထုတ်ပေးခဲ့တာပါ။

၂. Batman Arkham Series ( Arkham Origin နဲ့ Arkham Knight နဲ့ကလွဲလို့ )


                Origin နဲ့ Knight နဲ့ကိုဖြုတ်ရင် Arkham Asylum နဲ့ Arkham City ဆိုပြီး Sequel ၂ ခုပဲကျန်မယ်ဗျ။ ၂ခုလုံးလဲကောင်းပါတယ်။ ဒါပေမယ့် Asylum က မြေပုံနည်းနည်းကျဉ်းတာရယ် ကျနော်ကသိပ်မကြာသေးခင်ကမှာ Arkham City ကိုပြန်ဆော့ထားတာမို့လို့ Arkham City အကြောင်းပဲပြောမယ်ဗျ။

                သိပ်တော့ပြောစရာမရှိပါဘူး Batman နေရာက ကစားရမယ်ဆိုကတည်းက ဇာတ်အိမ်ကမိုက်နေပါပြီ။ ဒီ Game ထဲမှာတော့ Criminal တွေက Gotham မြို့ကြီးကို တိုက်ခိုက်တဲ့ အချိန် ကျနော်တို့ရဲ့ Super Power မရှိတဲ့ Superhero ကြီးဖြစ်တဲ့ Batman က Gotham မြို့ကြီးကို လူဆိုးတွေ လက်က ကယ်တင်ရတာပေါ့။ Villain တွေ အများကြီးနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာမို့ Villain တစ်ယောက်ချင်းစီ ကိုရင်ဆိုင်တိုက်ခိုက်ရတဲ့ Mission တွေပါမယ်။ Collectible နဲ့ Achievement တွေအတွက် Riddler ရဲ့ Mini-Quiz လေးတွေပါမယ့်အပြင်  ကိုယ် Glide လုပ်ပြီး လျှောက်သွားနိုင်မယ့် Open World Map ကြီးတစ်ခုလဲပါတာမို့ Game ထဲမှာမြုပ်နှံလိုက်တဲ့ ကိုယ့်ရဲ့အချိန်တွေအကုန် ကုန်ရကျိုးနပ်အောင် ကစားသူကိုကျေနပ်မှုပေးနိုင်မယ့် Game တစ်ခုပါ။

                Combat Style ကတော့ Free Flow Combat မို့လို့ Smooth ဖြစ်ပါတယ်။ ( Free Flow Combat ဆိုတာဘယ်လိုလဲဆိုတော့ ရန်သူတွေအုပ်လိုက် ဝိုင်းနေတာကို ကိုယ်တစ်ယောက်ထဲ ရန်သူရှိတဲ့ Direction ကို Joystick ကိုသုံး Target ပေးပြီး Attack ခလုတ်နဲ့ Target ကို Strike လုပ်တဲ့ပုံမျိုးဗျ )။ Stealth Mission တွေလဲပါဝင်ပြီး Stealth နဲ့ ရန်သူကိုရင်ဆိုင်မယ်ဆိုရင် ကိုယ်ရဲ့ Grapnel Gun တို့ Batarang တို့စတဲ့ Gadget တွေသုံးပြီး Takedown လုပ်နိုင်တဲ့နည်းမျိုးစုံပါတာမို့ Stealth Game Play ကလဲ 10 out 10 ပါ။

                ဒီ Game ကိုတော့ Rocksteady က ထုတ်လုပ်ထားပြီး Warners Bros. က ၂၀၁၁ ခုနှစ်မှာဖြန့်ချီခဲ့ပြီး Game Of The Year ဆုကိုရရှိခဲ့ပါတယ်။ Game ကိုတော့ Microsoft Windows , Playstation 3 နဲ့ Xbox 360 တို့မှာကစားနိုင်မှာပါ။

၃. Tomb Raider Series 


                ကျနော်တို့ရဲ့နာမည်ကြီး ဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ Lara Croft ကိုတော့တော်တော်များများက Angelina Jolie နဲ့ တွဲမြင်ကြလိမ့်မယ်ထင်ပါတယ်။ Jolie ရဲ့ ဇာတ်ကားထဲကအတိုင်း ရှေးဟောင်း ယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပြီးပျောက်ဆုံးနေတဲ့နေရာတွေကို လိုက်လံရှာဖွေပြီး စွန့်စားခန်းတွေပါဝင်တဲ့ Tomb Raider Game Series ဟာ Adventure Game တစ်ခုရဲ့ အနှစ်သာရလုံးဝပြည့်ဝတဲ့ Game တစ်ခုပါ။

                Game ကိုတော့ Third Person ရှူထောင့်ကနေကြည့်ရှူ့ ရမှာမို့ ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကောင်းကောင်းကြည့်ရှူနိုင်ရုံသာမက Lara ရဲ့ ခန္ဓာကိုယ်အလှကိုပါ ကြည့်ရှူခံစားနိုင်မှာပါ။ ( If You Know What I Mean ) Weapon Wheel တစ်ခုပါဝင်ပြီး ရွေးခြယ်စရာ Weapon ၁၀ မျိုးကျော်ခန့်နဲ့ Third Person Shooter ပုံစံကစားနိုင်မှာပါ။

                Tomb Raider ကိုတော့ ၂၀၁၃ မှာ  Playstation 3 , Xbox 360 , Playstation 4 , Xbox One နဲ့ Microsoft စတဲ့ Platform တွေမှာထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ Sequel ဖြစ်တဲ့ Rise Of The Tomb Raider ကိုတော့ Playstation 3 ကလွဲလို့ အထက် ပါ Platform တွေမှာပဲ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့ပါတယ်။

၄. Uncharted Series


                Naughty Dog ရဲ့ နာမည်ကြီး Adventure Game Series တစ်ခုဖြစ်တဲ့ Uncharted ဟာဆိုရင် ၂၀၀၇ ခုနှစ်မှာမှစတင်တဲ့ Franchise ဆိုပေမယ့် လူကြိုက်များတဲ့အတွက်ကြောင့်အခုဆိုရင် Uncharted 4 အထိ လေးခုမြောက် Sequel အထိရောက်ရှိနေပါပြီ။ ဒီ Game ကတော့ Tomb Raider လို ရှေးဟောင်းယဉ်ကျေးမှုထွန်းကားခဲ့တဲ့ နေရာတွေကိုရှာဖွေတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သူကတော့ Lara Croft လို Archaeologist တစ်ယောက်မဟုတ်ပဲ Uncharted ရဲ့ ဇာတ်လိုက် Nathan Drake က Treasure Hunter တစ်ယောက်ပါ။

                ဇာတ်လမ်းထဲမှာတော့ သူ့လို တခြား Treasure Hunter တွေက သူ့ရဲ့ပြိုင်ဘက်ရန်သူတွေအနေနဲ့ သူ့ကို လိုက်သတ် ဖို့ကြိုးစားနေတဲ့ သူတွေလက်ထဲကလွတ်အောင်ကြိုးစားပြီး ရတနာတွေကိုရယူဖို့စွန့်စားခန်းတွေဖွင့်ရမှာဖြစ်ပါတယ်။ Tomb Raider လို Third Person View ကနေဆော့ကစားရမှာဖြစ်ပြီး Combat ကတော့ Shooter ပါ။

၅. Dishonored Series


                Dishonored ကိုတော့ Arkane Studios က ထုတ်လုပ်ထားပြီး Bethesda Softworks ကနေ ဖြန်ချိထားတာပါ။ Game ရဲ့အမျိုးစားကတော့ Action-Adventure ပုံစံဖြစ်ပြီး First Person ရှူထောင့်ကနေကစားရမှာပါ။ 

                ဇာတ်လမ်းအကျဉ်းခြုံးအရဆိုရင်တော့ Player ဟာ Corvo Attano လို့ခေါ်တဲ့ ဘုရင်မ တစ်ယောက်ရဲ့ ကိုယ်ရံတော် တစ်ယောက်အနေကနေကစားရမှာပါ။ Corvo Attano ဟာ သူ့ကို့  ဘုရင်မ ရဲ့ သေဆုံးမှုမှာ လူသတ်သမားလို့ ချောက်ချ စွပ်စွဲခံရပြီးနောက် The Outsider လို့ခေါ်တဲ့ ထူးဆန်းတဲ့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ သဘာဝလွန် စွမ်းအင်တွေရရှိလာပြီး သူ့ကိုစွပ်စွဲခဲ့တဲ့လူတွေအပေါ်လက်စားချေ လိုက်လံသတ်ဖြတ်ဖို့ကြိုးစားနေတဲ့ Assassin တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

                ဒီ Game ကိုတော့ ၂၀၁၂ ခုနှစ်မှာ Playstation 3 , Xbox 360 , Playstation 4 , Xbox One နဲ့ PC အတွက်ထွက်ရှိထားပြီး ၂၀၁၆ ခုနှစ်မှာသူ့ရဲ့ Sequel ဖြစ်တဲ့ Dishonored 2 ကိုတော့ Playstation 4 , Xbox One နဲ့ PC တို့အတွက်ထွက်ရှိခဲ့ပါတယ်။

၆. Assassin’s Creed Series


                Ubisoft ရဲ့နာမည်အကြီးဆုံး Game Franchise တွေထဲကတစ်ခုပါ။ Assassin’s Creed Series ဟာ Action Stealth Game  Series တစ်ခုဖြစ်ပြီးသူ့ရဲ့ပထမဆုံး Game ကို ၂၀၀၇ ခုနှစ်မှာ Xbox 360 အတွက် စတင်ထွက်ရှိခဲ့ပြီး၊ နောက်ပိုင်းမှာ PlayStaion 3 နဲ့ PC တို့အတွက်ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင် Game (Portable Game တွေ Mini Game တွေပါပေါင်းလိုက်ရင် ) ၂၀ ပေါင်း  ကျော်နဲ့ ရုပ်ရှင် ၆ ခုလောက်ထွက်ပြီးပါပြီ။ 

                Assassin’s Creed ရဲ့ အဓိက ဇာတ်အိမ်က ယနေ့ခေတ်မှာမဟုတ်ပေမယ့် ဖြစ်နေတာတွေက ယနေ့ခေတ်မှာပါ။ Assassin’s Creed ပထမ Game ရဲ့အစမှာ Desmond Miles ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ Animus လိုခေါ်တဲ့ အသုံးပြု သူရဲ့ DNA ကနေတစ်ဆင့် အသုံးပြုသူရဲ့ ဘိုးဘွားတွေရဲ့ မှတ်ဉာဏ်ကနေတစ်ဆင့် သူ့ရဲ့ ဘိုးဘွားတွေထဲကတစ်ယောက်ဖြစ်တဲ့ Assassin Altair ရဲ့မှတ်ဉာဏ်ထဲကိုဝင်ရောက်ပြီး ဘာတွေဖြစ်ခဲ့လဲကြည့်ရှူနေရတဲ့ပုံမျိုးကိုအခြေခံပြီးဇာတ်လမ်းဆင်ထားပါတယ်။ 

                ဒီ Game ဟာစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းနဲ့ သိပ်ခေါင်းမစားပဲ အေးအေးဆေးဆေး ဆော့လို့ရမယ့် Combat Style တွေကြောင့် ဇာတ်လမ်းထဲမှာမျောပြီး Relax လုပ်ကစားချင်တဲ့သူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုကိုကြည့်ရှူနေရသလိုဖြစ်နေမှာပါ။
ဒီ Franchise ရဲ့ နောက်ဆုံး Game ကိုတော့ ၂၀၁၆ ခုနှစ်မှာ PC , Playstation 4 နဲ့ Xbox One တို့အတွက်ထွက်ရှိခဲ့ပါတယ်။

၇. Middle Earth : Shadow Of Mordor


                Monolith နဲ့ Warner Bros တို့ရဲ့ Game တစ်ခုဖြစ်တဲ့ Middle Earth : Shadow Of Mordor ဟာဆိုရင် နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ Lord Of The Ring Franchise ရဲ့  နောက်ခံဇာတ်လမ်းအပေါ်အခြေခံထားပါတယ်။

                Shadow Of Mordor ထဲမှာတော့ Ranger Talion အနေနဲ့ သူနဲ့သူ့မိသားစုကိုသတ်သွားတဲ့ Black Hand ဆိုတဲ့ Sauron ရဲ့လက်ရုံးတစ်ယောက်ကိုလက်စားချေဖို့ Mordor ထဲကို Sauron ရဲ့  Uruk ( Super Orcs ) တပ်ဖွဲ့ကြီးကိုရင်ဆိုင်တိုက်ခိုက်ပုံ ကိုဇာတ်အိမ် တည်ထားပါတယ်။

                Batman Arkham Series တွေထဲကလို Free Flow Fighting ပုံစံမျိုးဖြစ်လို့ Combat ကတော့ Smooth ဖြစ်ပြီး Stealth Killing System ကလဲ Assassin’s Creed လိုလွယ်လွယ်ကူကူမို့ဇာတ်လမ်းကိုဦးစားပေးပြီး ဆော့နိုင်မယ့် Game ပါ ဇာတ်လမ်းကလဲ Lord Of The Ring ဇာတ်လမ်းကိုနောက်ခံယူထားတာမို့ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကတော့အထူးပြောဖို့မလိုပါဘူး။

                 Middle Earth : Shadow Of Mordor ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ Microsoft Windows , Playstation 4 , Xbox One ရယ်အပြင်နည်းနည်းနောက်ကျပြီးတော့ နိုင်ဝင်ဘာလမှာတော့ Playstation 3 , နဲ့ Xbox 360 မှာထွက်ရှိခဲ့ပါတယ်။

                အခုဆိုလို့ရှိရင် Shadow Of Mordor ရဲ့ အဆက်ဖြစ်တဲ့ Shadow Of War ဟာထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲ့သတင်းကို ဖတ်ရှုချင်ပါက ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။

၈. The Last OF Us


                ဒီ Survival Horror ဘက်ရောက်တဲ့ Action Adventure Game ကို Naughty Dog ကထုတ်လုပ်ထားတာပါ။ ဒီ Game မှာတော့ Player ဟာ Joel လို့ခေါ်တဲ့လူတစ်ယောက်အနေနဲ့ဆော့ကစားရမှာပါ။ နောက်ခံဇာတ်လမ်းကတော့ Cordyceps လို့ခေါ်တဲ့ မှိူတစ်မျိုးဟာလူတွေကိုကူးစက်ပြီး Zombie လိုအကောင်တွေဖြစ်သွားစေခဲ့ပါတယ်။ Zombie Apocalypse ဖြစ်ပြီး မြို့ကြီးပျက်စီးသွားတဲ့အခါမှာ Joel က ဒုက္ခသည်စခန်းတစ်ခုကိုရောက်ရှိသွားပြီး Ellie လို့ခေါ်တဲ့ ကလေးမလေးနုဲ့အတူ Cordyceps ကို တိုက်ဖျက်နိုင်ဖြေဆေးကို ရှာဖွေဖို့ကြိုးစားတဲ့ပုံကို ဇာတ်လမ်းဆင်ထားပါတယ်။

                Game ကိုတော့ Third Person ရှူထောင့်ကနေကြည့်ရှူရမှာဖြစ်ပြီး Combat အနေနဲ့ Shooting အပြင် Stealth လုပ်ရတာကိုလဲ Batman Game တွေလိုစိတ်ရှည်ရှည်နဲ့ရန်သူတွေကိုနှိမ်နင်းမှရမှာမို့ Game ရဲ့ Combat ကိုတော့ ကိုယ်အားသန်သလိုသာဆော့ကစားသွားလို့ရမှာပါ။
ဒီ Game ကိုတော့ ဂျွန်လ ၂၀၁၃ မှာ Playstation 3 အတွက် ဖြန့်ချိခဲ့ပါတယ်။ Playstation 3 Exclusive Game တစ်ခုပါ။

၉. Far Cry : Primal


                Ubisoft ကထုတ်လုပ်ထားတဲ့ ဒီ Game ကိုတော့ ကျောက်ခေတ် မှာအခြေခံထားတာပါ။ Wenja ဆိုတဲ့ လှည့်လည်နေထိုင်တဲ့ လူမျိုးစုဟာ Food Chain ( အစားအစာ ကွင်းဆက် ) ရဲ့အောက်ဆုံးကိုရောက်ရှိနေပါတယ်။ Player အနေနဲ့ အခက်အခဲအတွေနဲ့ ရင်ဆိုင်နေရတဲ့ Wenja လူမျိုးစုရဲ့ ကမွေးဖွားလာတဲ့ Takkar လိုခေါ်တဲ့ ရှေးခေတ်လူသားတစ်ယောက် အနေနဲ့ ဆော့ကစားပြီး မျိုးနွယ်စုကိုမြင့်မားတဲ့အခြေအနေတစ်ခုရောက်အောင်ဦးဆောင်ပေးသွားရမှာပါ။ 

                Game ကိုတော့ First Person ရှူထောင့်ကနေကစားရမှာဖြစ်ပြီး လေးမြှားတင်းပုတ်စတဲ့ အဝေးပြစ် လက်နက်တွေ အပြင်  အနီးခုတ်လက်နက်တွေပါဝင်တဲ့ အပြင် Stealth Combat အတွက်လဲ Support ပေးတာတွေကြောင့် Real Time Flexible Combat လို့ ပြောရမှာပါ။

                ဒီ Game ကိုတော့ ၂၀၁၆ ခုနှစ်မှာ Playstation 4 , Xbox One နဲ့ Microsoft Windows ( PC ) မှာထွက်ရှိခဲ့ပါတယ်။ ဒီဂိမ်းရဲ့ Review ကိုဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်။

၁၀. Red Dead Redemption


                ဒီ Game ကတော့ Rockstar ရဲ့ Game တစ်ခုဖြစ်ပြီး Game ရဲ့ ဇာတ်အိမ်ကိုတော့ ၁၉၁၁ ခုနှစ်မှာအခြေခံထားပါတယ်။ Player အနေနဲ့ လူဆိုးတစ်ယောက်ဖြစ်ခဲ့တဲ့ John Marston အနေနဲ့ဆော့ကစားရမှာဖြစ်ပြီး John ဟာ FBI ကနေ သူ့ကိုစစ်ဆေးမေးမြန်းဖို့ခေါ်ယူခြင်းကိုခံခဲ့ရပြီး သူလွတ်မြောက်ဖို့အတွက် သူ့ရဲ့အရင်က ဆိုးဖော်ဆိုးဖက် Gangster တွေကိုဖမ်းပေးဖို့သဘောတူခဲ့ပါတယ်။ ဒါကဇာတ်လမ်းရဲ့အစပါ။

                Game Play ကတော့ GTA Game တွေလိုပဲ Third Person Shooter ပါ။ ၁၉၁၁ မှာအခြေခံထားတာမို့ ကားတွေနေရာမှာြမင်းတွေ နဲ့ Weapon အနေနဲ့ဆိုရင် အဲ့ခေတ်ကသေနတ်တွေအဲ့လောက်တော့ပြောင်းလဲသွားမှာပါ။ ဒီ Game ကိုတော့ ၂၀၁၀ ခုနှစ်မှာ Playstation 3 နဲ့ Xbox 360 အတွက်ထုတ်လုပ်ခဲ့ပါတယ်။ PC အတွက်ထွက်လာခဲ့ခြင်းတော့မရှိတော့ပါဘူး။

                ဒီဆောင်းပါးမှာတော့ ဒီလောက်ပါပဲ မိမိကြိုက်နှစ်သက်တဲ့ Game တွေ ဒီ List မှာမပါခဲ့ရင်လဲ အဲ့ Game တွေကို တခြား Gamer သူငယ်ချင်းတွေ ဆော့ကစားနိုင်အောင် ဒီ ဆောင်းပါးရဲ့ Facebook Comment မှာ ရိုက်ထည့်ပေးသွားနိုင်ပါတယ်။

References
TechX Gaming
About Author
Assinged Tags
Microsoft Playstation 3 Xbox 360 PlayStation PC Games Lord Of The Ring Playstation 4 Xbox One GTA Batman Tomb Raider Uncharted Assassin's Creed Shadow Of Mordor Red Dead Redemption
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed