အသစ်ထွက်ရှိလာမယ့် Middle Earth : Shadow Of War

date_range 01 March 2017

အသစ်ထွက်ရှိလာမယ့် Middle Earth : Shadow Of War

visibility 20 Views

                Lord Of The Ring ရဲ့  RPG Game Franchise တစ်ခုဖြစ်တဲ့ Middle Earth ဟာ Middle Earth : Shadow Of Mordor ဆိုတဲ့ Game တစ်ခုကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ Microsoft Windows , Playstation 4 , Xbox One ရယ်အပြင်နည်းနည်းနောက်ကျပြီးတော့ နိုဝင်ဘာလမှာတော့ Playstation 3 , နဲ့ Xbox 360 မှာထွက်ရှိခဲ့ပါတယ်။


                Gameplay အနေနဲ့ဆိုရင်တော့ Gamer တော်တော်များများ Middle Earth : Shadow Of Mordor ဂိမ်းကို Gamer တော်တော်များများကမကြိုက်ကျပါဘူး။ Stealth Game Play ကတော်တော် အဖြစ်ဆန်ပါတယ်။ Action Melee Combat ကတော့ပြောစရာသိပ်မရှိပါဘူး။ Batman Arkham Series တွေထဲကလို Free Flow Fighting ပုံစံမျိုးဖြစ်လို့ Combat ကတော့ Smooth ဖြစ်တယ်လို့ပြောလို့ရပါတယ်။ 

                Shadow Of Mordor ထဲမှာတော့ Ranger Talion အနေနဲ့ သူနဲ့သူ့မိသားစုကိုသတ်သွားတဲ့ ( သူ့ကိုသတ်သွားလို့သေသွားပြီးမှဘယ်လိုလက်စားခြေလဲဆိုတာတော့ Spoiler ဖြစ်သွားမှာမို့ မပြောတော့ပါဘူး ) Black Hand ဆိုတဲ့ Sauron ရဲ့လက်ရုံးတစ်ယောက်ကိုလက်စားချေဖို့ Mordor ထဲကို Sauron ရဲ့  Uruk ( Super Orcs ) တပ်ဖွဲ့ကြီးကိုရင်ဆိုင်တိုက်ခိုက်ပုံ ကိုဇာတ်အိမ် တည်ထားပါတယ်။

                ဒီ Shadow Of War ဇာတ်လမ်းကိုတော့ Shadow Of Mordor ဇာတ်လမ်းအပြီးကနေပြန်ဆက်ပြီး ဒီတစ်ခါမှာတော့ Ranger Talion က Sauron ကိုထိပ်တိုက်ရင်ဆိုင်သွားမှာပါ။ ဒီဂိမ်းမှာတော့ Mordor အတွက် Sauron နဲ့ သူရဲ့ Orcs တွေကတစ်ဖက် လူသားတွေကတစ်ဖက် နဲ့ စစ်ဖြစ်နေပါပြီ။ စစ်ဖြစ်နေတဲ့ ကြားက ကျနော်တို့ရဲ့ဇာတ်လိုက်ဖြစ်တဲ့ Talion ကြောင့်ဇာတ်လမ်းတွေဘယ်လိုဖြစ်လာမလဲ။ စစ်ပွဲမှာဘယ်သူနိုင်မလဲ ဘယ်သူကျရှူံးမလဲဆိုတာကတော့ သိနိုင်ဖို့ ဂိမ်းကိုတော့စောင့်မျှော်ရမှာပါ။

References
Middle Earth : Shadow Of War
About Author
Assinged Tags
Gaming News RPG Coming Soon Lord Of The Ring Stealth Playstation 4 Playstation 4 Pro Xbox One Xbox Scorpio
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed