Far Cry Primal Review

date_range 21 February 2017

Far Cry Primal Review

visibility 100 Views

                Far Cry Series နဲ့ Assassin’s Creed Game Series တို့ရဲ့ Developer ဖြစ်တဲ့ Ubisoft ရဲ့ ဒီ Far Cry Primal ဆိုတဲ့ Game ဟာ Far Cry Series ရဲ့ ငါးခွေမြောက် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Action Adventure ပုံစံနဲ့ First Person ရှူ့ထောင့်က ကစားရတာမို့ Uncharted 4 တို့ Tomb Raider တို့လို Adventure Game တွေကြိုက်နှစ်သက် တဲ့သူတွေ အတွက် အဆင်ပြေမှာပါ။

                ဒီ Game ကိုတော့ ကျောက်ခေတ် မှာအခြေခံထားတာပါ။ Wenja ဆိုတဲ့ လှည့်လည်နေထိုင်တဲ့ လူမျိုးစုဟာ Oros လို့ခေါ်တဲ့ သာယာပြီး အစာရေစာပေါများတဲ့ ဒေသကို ရောက်ရှိသွားပြီး အခြေချခဲ့ပါတယ်။ ဒါပေမယ့် Wenja လူမျိုးတွေဟာ သဘာ၀ဘေးအန္တာရယ်တွေ တောရိုင်းတိရိစ္ဆာန်တွေအပြင် လူသားစား Udam လူမျိုးစု ၊ နေမင်းကိုကိုးကွယ်ပြီး မီးကိုအသုံးချတာကျွမ်းကျင်တဲ့ Izila ဆိုတဲ့ လူမျိုးစုရဲ့ နယ်မြေလုတိုက်ပွဲတွေကြောင့် Food Chain ( အစားအစာ ကွင်းဆက် ) ရဲ့အောက်ဆုံးကိုရောက်ရှိနေပါတယ်။ Player အနေနဲ့ အခက်အခဲအတွေနဲ့ ရင်ဆိုင်နေရတဲ့ Wenja လူမျိုးစုရဲ့ ကမွေးဖွားလာတဲ့ Takker လိုခေါ်တဲ့ ရှေးခေတ်လူသားတစ်ယောက် အနေနဲ့ ဆော့ကစားရမှာပါ။

Gameplay Section


                Ingame မှာတော့ Weapon က Range Weapon , Melee Weapon နဲ့ Throwable ဆိုပြီးသုံးမျိုးပါမှာပါ။  Range Weapon မြှားနဲ့ပစ်ခတ်ရတဲ့ လေး သုံးလက် ပါ၀င်မှာပါ။ Melee မှာတော့ တင်းပုတ်သုံးလက် နဲ့ Throwable မှာဆိုရင် လှံနဲ့ အချွန် ( Shards ) စတာတွေပါ၀င်မှာြဖစ်ပါတယ်။ လေးသုံးလက် တင်းပုတ်သုံးလက် ဆိုပြီးအမျိုးအစားတူပေမယ့် လက်နှစ်တစ်ခုနဲ့တစ်ခုမှာအားသာချက်အားနည်းချက်စသဖြင့်ကွဲပြားသွားမှာပါ။
Combat ကတော့ Real Time Combat ဖြစ်ပါတယ်။ သူချကိုယ်ချပေါ့။ ဒါပေမယ့် Player အနေနဲ့ Stealth Style ( တိတ်တိတ်ကလေးရန်သူတွေကို လုပ်ကြံတဲ့ပုံမျိုး ) လဲဆော့ကစားနိုင်မှာပါ။

Game က Stealth Play Style အတွက်တော့တော်တော် Support လုပ်ပေးထားပါတယ်။

ဥပမာ Hunter Vision နဲ့ ရန်သူတွေကို HighLight လုပ်နိုင်မယ်။

ငှက်ခေါ်ပြီး ရန်သူတွေဘယ်မှာရှိလဲဆိုတာကို တစ်ခုခုနဲ့ ကာနေလဲတွေ့ရအောင် Tag လုပ်နိုင်တယ်။

ပြီးတော့ ဆင်တွေ ကျားတွေ စီးနိုင်မယ့် Beast Rider Skill စတာတွေပါလာမှာပါ။

                ပြီးတော့တစ်ချို့ တိရစ္ဆာန်တွေကို Beast Master Skill နဲ့ Tame လုပ်ပြီးကိုယ့်ရဲ့ Pet အနေနဲ့ ရန်သူတွေကို Takkar နဲ့အတူတိုက်ပွဲ၀င်နှိမ်နှင်းပေးနိုင်မှာပါ။

                Game ရဲ့ Objective ကတော့ Takkar အနေနဲ့ Wenja လူမျိုးစုတွေအတွက် ရွာတစ်ရွာဆောက်ပြီး Wenja  လူမျိုး Specialist တွေကို Recruit လိုက်လုပ်ပြီး Takkar ရဲ့ Skill တွေ Talent တွေကိုမြှင့်တင်ပြီး Izila လူမျိုးစု နဲ့  Udam လူမျိုးစုတို့ကိုနှိမ်နင်းပြီး Wenja လူမျိုးစုကိုဦးဆောင်သွားရမှာပါ။

                Side Quest တွေလဲပါမယ် Collectible တွေအကုန် 100% Completion ရအောင်ဆော့မယ်ဆိုရင်တော့ ၄၁ နာရီလောက်ကစားနိုင်မှာပါ။

                ဒီ Game ကိုတော့ Playstation 4 , Xbox One နဲ့ Microsoft Windows ( PC ) မှာကစားနိုင်မှာဖြစ်ပြီး  Pc မှာ System Requriements တွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

CPU    :    Intel Core i7-2600K | AMD FX-8350 or equivalent

RAM    :    8 GB

OS    :    Windows 7, Windows 8.1, Windows 10 (64-bit versions only)

Video Card    :    NVIDIA GeForce GTX 780 | AMD Radeon R9 280X or equivalent

Free Disk Space    :    20 GB

ကျနော့်အနေနဲ့သုံးသပ်ရရင် Far Cry Primal က 7/10 လောက် Rating ရှိပါတယ်။ Game ရဲ့အားသာချက်အားနည်းချက် တွေကိုသုံးသပ်ရရင်၊

အားသာချက်အနေနဲ့ 

  1. Exploration ပိုင်းတွေ Pop-up Quest တွေ Side Quest တွေကောင်းတယ်။
  2. Story Setting ပိုင်း Unique ဖြစ်တယ်။
  3. Skill တွေ Talent Tree တွေ စိတ်၀င်စားဖို့ကောင်းတယ်။

အားနည်းချက်အနေနဲ့ဆိုရင်

  1. Character နည်းပြီးဇာတ်လမ်းကနည်းနည်းရိုးရှင်းတယ်။
  2. Melee Combat ကတော့တော်တော် Weak ပါတယ်။
References
TechX Gaming
About Author
Assinged Tags
Ubisoft Far Cry Gaming Review
Categorized Under
Reviews

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed