Pokemon Go ကိုထုတ်လုပ်ပေးခဲ့တဲ့ Niantic ကနေ Harry Potter: Wizards Unite ဆိုတဲ့ဂိမ်းသစ်ကို မိတ်ဆက်ပေးတော့မည်

date_range 09 November 2017

Pokemon Go ကိုထုတ်လုပ်ပေးခဲ့တဲ့ Niantic ကနေ Harry Potter: Wizards Unite ဆိုတဲ့ဂိမ်းသစ်ကို မိတ်ဆက်ပေးတော့မည်

visibility 640 Views

                Niantic အနေနဲ့ Pokemon Go လို့ခေါ်တဲ့ AR (Augmented Reality) Location-Based ဂိမ်းကို ဇူလိုင်လ၊ ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အောင်မြင်မှုတွေလည်း အမြောက်အများရရှိခဲ့တဲ့ AR ဂိမ်းတစ်ခုလည်းဖြစ်သလို၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာပါ Pokemon ဖမ်းတဲ့သူတွေ အမြောက်အများရှိခဲ့တဲ့အထိ နာမည်ကြီးခဲ့တဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

                လက်ရှိအချိန်မှာတော့ Niantic ကနေ Harry Potter: Wizards Unite ဆိုတဲ့ AR Based ဂိမ်းအသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ပေးတော့မယ်လို့ ကြေညာချက်တစ်ခု အရ သိရှိထားရပါတယ်။ Harry Potter: Wizards Unite ဂိမ်းအနေနဲ့လည်း Pokemon Go လိုမျိုး Location-Based ဂိမ်းတစ်ခုဖြစ်မယ်လို့ မျှော်လင့်ရပြီး၊ Spells တွေ Cast လုပ်တာ၊ Items တွေရှာဖွေတာ၊ Legendary Beasts တွေကို တိုက်ခိုက်ရတာ စတာတွေနဲ့အတူ Harry Potter Series ထဲက Iconic Characters တွေလည်းပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

                Harry Potter: Wizards Unite မှာ ဘယ်လိုမျိုး AR Gameplay တွေပါဝင်လာမလဲဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။ ဒီဂိမ်းကိုလည်း ၂၀၁၈ လောက်မှ မြင်တွေ့နိုင်မယ်လို့လည်း ယူဆရပါတယ်။ Platform တွေအနေနဲ့ကတော့ Android နဲ့ iOS မှာပဲဆော့ကစားနိုင်မယ့် Mobile ဂိမ်းတစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

                ဒီဂိမ်းကို Niantic အနေနဲ့ Warner Bros. Interactive Entertainment နဲ့ပူးပေါင်းထုတ်လုပ်မှာဖြစ်ပါတယ်။ Niantic ရဲ့ကြေညာချက်အရ Harry Potter: Wizards Unite ဂိမ်းဟာ စာရေးဆရာမ J.K Rowling ရဲ့ မှော်ကမ္ဘာထဲကို သင်ကိုယ်တိုင်ဝင်ရောက်ခံစားပြီး ဆော့ကစားနိုင်မယ်လို့ ညွှန်းထားပါသေးတယ်။

                ဘယ်လိုပဲဖြစ်ဖြစ် Pokemon Go တုန်းကတော့ Niantic အနေနဲ့ တစ်ဟုန်ထိုးအောင်မြင်မှုတွေကို ခဏတာသာ ရရှိခဲ့ပြီး၊ ဂိမ်းထွက်ပြီး လအနည်းငယ်မှာပဲ Pokemon Go အတွက် Hype တွေဟာ သိသိသာသာကိုကျဆင်းခဲ့ပါတယ်။ Pokemon Go စ ထွက်တုန်းကလည်း Server Maintenance တွေခဏခဏ ပြုလုပ်ခဲ့ရပြီး၊ ကောင်းမွန်တဲ့ Gameplay Experience ကို ရရှိခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် Pokemon Go တစ်နှစ်ပြည့် အတွက် ကျင်းပခဲ့တဲ့ Pokemon Go Fest မှာလည်း လိုင်းကြပ်မှုတွေနဲ့အတူ Server ပြဿနာတွေ လည်း အများကြီးကြုံတွေ့ခဲ့ရပါသေးတယ်။

                ဒါကြောင့်မို့လို့ Niantic အနေနဲ့ နောက်ထပ် Hype အများဆုံးရရှိလာနိုင်ဖွယ်ရှိတဲ့ Harry Potter: Wizards Unite ဂိမ်းမှာကော ဘယ်လိုတွေပြင်ဆင်ထားသလဲဆိုတာနဲ့ AR Gameplay ကကော ဘယ်လိုပုံစံမျိုးနဲ့ထွက်ရှိလာနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။


References
TechCrunch IGN
About Author
Assinged Tags
Niantic Android Augmented Reality iOS Harry Potter Harry Potter: Wizards Unite
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed